DVB Logo
Home
မြန်မာသတင်း
ထိုင်းစက်ရုံတခုတွင် တရားမဝင်မြန်မာလုပ်သား ၁၀၀ ကျော်အဖမ်းခံရ၊ ၁၆ ဦး ကိုဗစ် -၁၉ ပိုးတွေ့
DVB
·
February 23, 2022
ထိုင်းစက်ရုံတခုတွင် တရားမဝင်မြန်မာလုပ်သား ၁၀၀ ကျော်အဖမ်းခံရ၊ ၁၆ ဦး ကိုဗစ် -၁၉ ပိုးတွေ့
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း ဗိစနုလုတ်ခရိုင် ဗိစနုလုတ်မြို့ရှိ ကြက်သားစက်ရုံတစ်ခုမှာ ဥပဒေနဲ့မညီ အလုပ်ဝင်လုပ်နေတဲ့ မြန်မာလုပ်သား ၁၁၂ ဦး ဖမ်းဆီးခံရပြီး ၁၆ ဦးမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရကာ ၂၁ ဦးက ပိုးတွေ့သူနဲ့နီးစပ်မှုရှိတာ တွေ့ရတယ်လို့ naewna ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဗိစနုလုတ်မြို့ ကလန့်ရပ်ကွက် PPF ကြက်သားစက်ရုံထဲမှာ တရားမဝင်အလုပ်သမားတွေ ရှိနေကြောင်း သတင်းပေးပို့ချက်ရတဲ့အတွက် ခရိုင်အုပ်ချုပ်ရေးဌာန၊ နယ်မြေခံရဲ၊ ကမ္ဘာလှည့်ခ ရီးသွားရဲ၊ လဝက နဲ့ အလုပ်သမားရုံးက တာဝန်ရှိသူတွေဟာ ဖေဖော်ဝါရီ ၂၂ က အဆိုပါစက်ရုံကို သွားရောက်စစ်ဆေးခဲ့ကြပါတယ်။ 

စစ်ဆေးချက်အရ အထောက်အထားမဲ့၊ အထောက်အထားမပြည့်စုံဘဲ ဝင်ရောက်လုပ်ကိုင်နေတဲ့ အလုပ်သမား ၁၁၂ ဦးကို တွေ့ရှိပြီး အားလုံးဟာ မြန်မာနိုင်ငံသားတွေလို့ တာဝန်ရှိသူက ပြောပါတယ်။ 

ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးရာမှာတော့ ၁၆ ဦး ပေါ့စ်တစ်ဖြစ်ပြီး ပိုးရှိသူနဲ့ဆက်စပ်သူပေါင်း ၂၁ ဦး ရှိတယ်လို့ ဆိုပါတယ်။ 

ပိုးကူးစက်သူနဲ့ ဆက်စပ်သူတွေကို သီးသန့်ခွဲထုတ်နေရာချထားပြီး အလုပ်ရှင်နဲ့တကွ တရားမဝင်အလုပ်သမားတွေကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူက ပြေပါတယ်။  

ထိုင်းအလုပ်သမားဥပဒေအရ အလုပ်ရှင်ဟာ တရားမဝင်အလုပ်သမား ငှါးရမ်းခန့်ထားပါက အလုပ်သမား ၁ ဦးအတွက် ဒဏ်ငွေ အနည်းဆုံး ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ ထက်မပို၊ ပြစ်မှုဆင့်ကဲကျူးလွန်က ၁ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဘတ် ၅၀,၀၀၀ မှ ၂၀၀,၀၀၀ ထိ ဒါမှမဟုတ် ထောင်ဒဏ်ရောငွေဒဏ်ပါ နှစ်မျိုးလုံးကျခံရမယ်လို့ ဆိုပါတယ်။ 

အလုပ်သမားဘက်ကလည်း ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ပါက ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ ထိ ပေးဆောင်ရမှာဖြစ်ပြီး ပြည်နှင်ဒဏ်ပေးခံရမှာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013