DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုတိုက်ပွဲ တရက်အတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံး
DVB
·
February 23, 2022
ဒီးမော့ဆိုတိုက်ပွဲ တရက်အတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံး
Donate to DVB

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ဖေဖော်ဝါရီ ၂၂ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) က ထုတ်ပြန်ထားပါတယ်။

ဒီးမော့ဆိုမြို့နယ်၊ လီဝိုးကျေးရွာအနီးနဲ့ ဝီသဲကူးကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)၊ လွိုင်ကော်(PDF)၊ KNDF၊ KA နဲ့ တခြားတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါတိုက်ပွဲဟာ တနေကုန်နီးပါးဖြစ်ပွားခဲ့ပြီး ညနေ ၃ နာရီလောက်မှာတော့ အကြမ်းဖက်စစ်ကောင်စီဘက်က ရဟတ်ယာဉ် ၁ စီးနဲ့ ၅ ကြိမ်လောက် ပစ်ကူတိုက်ခိုက်ခဲ့တဲ့အပြင် ညနေ ၄ နာရီလောက်မှာလည်း တိုက်‌လေယာဉ် ၂ စီးနဲ့ ၇ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF) ဘက်ကတော့ ထိခိုက်ဒဏ်ရာရရှိ မှုမရှိ ခုခံတိုက်ခိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီးမော့ဆိုမြို့နယ်တိုက်ပွဲဟာ ၇ ရက်မြောက်နေ့အဖြစ် ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ ရက်ဆက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် မိုးဗြဲ အခြေစိုက်(ခမရ-၄၂၂)တပ်၊ လွိုင်ကော်အခြေစိုက်(ခလရ-၂၅၀)တပ်နဲ့ ဒီးမော့ဆိုအခြေ စိုက်(ခမရ-၄၂၇) တပ်တွေက တာဝေးပစ်အမြောက်တွေ အသုံးပြုကာ ပစ်ကူတိုက်ခိုက်နေခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013