DVB Logo
Home
မြန်မာသတင်း
၂၂၂၂၂၂ နေ့ မန္တလေး ကျုံးပတ်လည် စစ်ကားများဖြင့် ကင်းလှည့် လုံခြုံရေးတင်းကျပ်
DVB
·
February 22, 2022
၂၂၂၂၂၂ နေ့ မန္တလေး ကျုံးပတ်လည် စစ်ကားများဖြင့် ကင်းလှည့် လုံခြုံရေးတင်းကျပ်
Donate to DVB

ဒီကနေ့ ၂ ခြောက်လုံးသပိတ်နေ့မှာ မန္တလေး ကျုံးပတ်လည်မှာ  တင့်ကားတွေအပါအဝင် စစ်ကားယာဉ်တန်းတွေနဲ့  စစ်ကောင်စီတပ်တွေ  လှည့်ပတ်မောင်းနှင်ပြီး လုံခြုံရေးတင်းကျပ်ထားပါတယ်။

မန္တလေးမြို့ထဲက အဓိကလမ်းမကြီးတွေမှာ ယာဉ်ထိန်းရဲနဲ့ စစ်ကောင်စီတပ်သားတွေ ပူးပေါင်းပြီး လိုင်စင်၊ ဆိုင်ကယ်တူးဘောက်တွေ၊ ကားတွေနဲ့ တချို့ မသင်္ကာရင် ဖုန်းတွေကို စစ်ဆေးတာ မြင်ခဲ့ရတယ်လို့   ဒေသခံတစ်ဦးက ပြောပါတယ်။

အရပ်ဝတ်တွေ အိမ်စီးကားတွေနဲ့လည်း မြို့ထဲလှည့်ပတ်ပြီး ကြည့်နေတာ၊ မကြာခဏ ဖြတ်သွားဖြတ်လာလုပ်နေတာမျိုးတွေလည်း မြင်တွေ့ရတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် အရင်လို အထိုင်ချ စစ်တာမျိုး မဟုတ်ဘဲ မိုဘိုင်းလိုပုံစံမျိုး လှည့်ပတ် ကင်းလှည့်နေတာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဒီကနေ့မှာတော့ ဒေသခံတွေလည်း သာမန် သွားလာတာမျိုးကလွဲရင် သနပ်ခါးသပိတ်လိုမျိုး လှုပ်ရှားတာတွေလည်း သိပ်မရှိပါဘူး။ ဒါပေမဲ့ နှစ်ခြောက်လုံးနေ့ မန္တလေး အထင်ကရ နေရာတွေမှာ သပိတ်ကြွေးကြော်သံတွေကို ချိတ်ဆွဲတဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်ခဲ့ကြပါတယ်။

မန္တလေးမြို့ အထင်ကရ ဦးပိန်တံတားကြီးနဲ့ လမ်းမကြီးတွေမှာ ချိတ်ဆွဲခဲ့ကြတာပါ။ အရုဏ်ဦးအချိန်တုန်းက သံဃသမဂ္ဂ-မန္တလေး ရဟန်းတော်တွေ အာဏာရူးကို တွန်းလှန်ချမယ့် ဆွမ်းခံကြွသပိတ် ဆင်နွှဲခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013