DVB Logo
Home
မြန်မာသတင်း
“ပြန်လည်စုရုံး ၂ ခြောက်လုံး” မုံရွာသပိတ်ကို စစ်ကောင်စီတပ်က ကားဖြင့်တိုက် အကြမ်းဖက်ဖြိုခွင်း
DVB
·
February 22, 2022
“ပြန်လည်စုရုံး ၂ ခြောက်လုံး” မုံရွာသပိတ်ကို စစ်ကောင်စီတပ်က ကားဖြင့်တိုက် အကြမ်းဖက်ဖြိုခွင်း
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဖေဖော်ဝါရီ ၂၂ ရက် ဒီနေ့မနက်အစောပိုင်းက    “ပြန်လည်စုရုံး ၂ ခြောက်လုံး”သပိတ် မစတင်ခင်  ပင်မသပိတ်စစ်ကြောင်းအဖွဲ့ဝင်တချို့နဲ့ စစ်ကောင်စီတပ်တွေနဲ့ ထိပ်တိုက်တွေ့ပြီး  ကားနဲ့ဖြိုခွင်း အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပါတယ်။

မုံရွာမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တွေက “ပြန်လည်စုရုံး ၂ခြောက်လုံး" သပိတ်အတွက် ပန်းတွေဖြန့်ကြဲတာ၊ စာရွက်တွေဖြန့်ကြဲတာတွေကို ဒီမနက်အစောပိုင်းမှာ မုံရွာမြို့နယ်အတွင်းက ကျောက်ကာလမ်း၊ ပေ ၈၀ လမ်း၊ သာစည်လမ်းနဲ့ ၊ ဗန္ဓုလလမ်းတွေမှာ ပြုလုပ်ခဲ့ပါတယ်။

မနက် ၅ နာရီ ဝန်းကျင်လောက်က မုံရွာဗိုလ်တထောင်လမ်း လှုပ်ရှားမှုမှာ သပိတ်မစတင်ခင် ကားနဲ့တိုက် ဖြိုခွင်းခံခဲ့ရပြီး အထိအခိုက် အနည်းငယ်ရှိခဲ့ကြပေမယ့် အဖမ်းအဆီးတော့ မရှိခဲ့ဘူးလို့ အကသအဖွဲ့ဝင်က ပြောပါတယ်။

“ပင်မသပိတ်က အကြီးတွေလည်းကားနဲ့ တိုက်ဖြိုခံရတာ အဲ့တာကျနော်တို့လည်း အမြန်လစ်ရပါတယ်၊ ခုလည်းလမ်းတိုင်းမှာ စစ်နေတယ်”လို့ မုံရွာ အကသအဖွဲ့ဝင်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

မုံရွာ ဗိုလ်တထောင်လမ်းက လက်ဘက်ရည်ဆိုင်တွေတွေ့တဲ့ မဆိုင်တဲ့ လူငယ်တွေကို စစ်ကောင်စီကအရပ်ဝတ်တချို့နဲ့ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပြီး သေနတ်ပစ်ဖောက်သံကြားခဲ့ရတယ်လို့ အနီးဝန်ကျင်နေထိုင်သူတွေက ပြောပါတယ်။

ဒီနေ့ဟာအထင်ကရ “၂၂၂၂၂”နေ့ဖြစ်တာကြောင့် မြို့နယ် သပိတ်စစ်ကြောင်းတွေ အားကောင်းနိုင်တယ်ဆိုတဲ့ ယူဆချက်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ လုံခြုံရေးအင်အားတွေကို တိုးမြှင့်ထားပြီး မြို့နယ်အတွင်း တင်းကျပ်စစ်ဆေးနေပါတယ်။

ဒီကနေ့ ဖေဖော်ရီ ၂၂ ရက်နေ့မှာ ပြည်သူတွေ ခမောက် (သို့မဟုတ်) ဦးထုပ်ဆောင်း၊ မြန်မာ့သနပ်ခါးလိမ်းခြယ်ပြီး နှင်းဆီပန်းကိုပန်ဆင်ကာ အာဏာရှင်ကိုရရာနေရာက ရသလို တော်လှန်ကြဖို့ မြေပြင်သပိတ်အင်အားစုတွေက တောင်းဆိုထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013