DVB Logo
Home
မြန်မာသတင်း
မိုးမောက်တွင် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၀၀ ခန့် မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
February 22, 2022
မိုးမောက်တွင် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၀၀ ခန့် မိုင်းဆွဲတိုက်ခိုက်ခံရ
1 / 2
Donate to DVB

ကချင်ပြည်နယ် မိုးမောက်မြို့မှာ အင်အားတိုးချဲ့ဖို့  စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဖေဖော်ဝါရီ ၂၁ ရက် မွန်းတည့် ၁၂ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

မိုးမောက်မြို့ အခြေစိုက် ခ မ ရ (၄၃၇)က ဝဝမ်ကျေးရွာကို  စစ်ကြောင်းထိုးလာစဉ်  ဝဝမ်ကျေးရွာနဲ့ ခါနန်ရပ်ကွက်အနီး ၃ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

“၁၂ နာရီလောက် ဝဝမ်ကျေးရွာဘက် စစ်ကြောင်းတက်လါတုန်းလမ်းမှာ မိုင်းဆွဲခံရတာ။  မိုင်း ၃ ကြိမ်လောက်အဆွဲခံရတယ်။ စစ်တပ်ဘက်က အင်အား ၁၀၀ လောက်ပါတယ်။ အထိအခိုက်တော့ သေချာမသိရဘူး။ ဘယ်သူခွဲတာလဲတော့ မသိဘူး၊ ကျေးရွာက လူတွေက ရှောင်နေကြရတယ်” လို့ ဝဝမ်ကျေးရွာသားတဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း ဝဝမ်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ဝဝမ်ကျေးရွာအပါအဝင် အနီးနားကျေးရွာတွေက ပြည်သူတွေ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရတာပါ။

ဖေဖော်ဝါရီ ၁၈ ရက် ညကလည်း ဆိုင်ကယ်စီးလာသူနှစ်ဦး မိုးမောက်မြို့နယ်အခြေစိုက် ခမရ ၄၃၇ တပ်ရင်းရှေ့မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာတော့ ခမရ ၄၃၇ ရှေ့ဗုံးပေါက် ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013