DVB Logo
Home
မြန်မာသတင်း
ဂမ်ဘီယာက မြန်မာအပေါ် စွဲဆိုထားသည့်အမှု ICJ တရားရုံးတွင် ဒုတိယအကြိမ် စတင်ကြားနာ
DVB
·
February 21, 2022
ဂမ်ဘီယာက မြန်မာအပေါ် စွဲဆိုထားသည့်အမှု ICJ တရားရုံးတွင် ဒုတိယအကြိမ် စတင်ကြားနာ
1 / 7
Donate to DVB

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက  မြန်မာနိုင်ငံအပေါ် တစွဲဆိုထားတဲ့အမှုအတွက် ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက်က  နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဒုတိယအကြိမ်မြောက် ကြားနာနေပါတယ်။

အခု ဒုတိယအကြိမ် ကြားနာပွဲကို ၄ ရက်ပြုလုပ်မှာဖြစ်ပြီး  ဂမ်ဘီယာရော မြန်မာဘက်ကရော  လျှောက်လဲချက်တွေ အပြန်အလှန်ပေးရမှာ ဖြစ်ကာ ဒီကနေ့  မြန်မာဘက်က စစ်ကောင်စီ ကိုယ်စားလှယ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်က စတင်  တင်လျှောက်လဲနေပါတယ်။

စစ်ကောင်စီက အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ရှေ့နေချုပ် ဒေါ်သီတာဦးတို့ ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၅ ယောက်ပါတဲ့ အဖွဲ့ကို အမှုကြားနာဖို့ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ကို စေလွှတ်ထားတာဖြစ်ပါတယ်။ 

ဒီကြားနာမှုမှာ မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်ခွင့်ရဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရော စစ်ကောင်စီဘက်ကပါ  အပြိုင်ကြိုးစားခဲ့တာပါ။ တရားရုံးက NGU ဘက်ကို အကြောင်းပြန်တာမရှိသေးပေမယ့် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမှာရှိတဲ့ မြန်မာသံရုံးကိုတော့  ဆင့်ခေါ်စာပို့ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဦးဝဏ္ဏမောင်လွင်က အွန်လိုင်းကနေ တက်ရောက်ဖို့ ရှိပါတယ်။ ဒီအမှုတွက် အရင် အရပ်သားအစိုးရတုန်းက ရှေ့နေလိုက်ပေးခဲ့တဲ့ ဝီလျံစ်ရှေးဘတ် နုတ်ထွက်သွားလို့ စစ်ကောင်စီက ရှေ့နေအသစ်တွေ ထပ်ငှားထားပါတယ်။

ဒီအမှုကို ၂၀၁၉ တုန်းက ပထမအကြိမ်ကြားနာစစ်ဆေးစဉ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး သည်ဟိတ်မြို့အထိ သွားရောက်ချေပခဲ့ရာမှာ ICJ တရားရုံးရဲ့ ဆုံးဖြတ်စီရင်ပိုင်ခွင့်နဲ့ ပက်သက်လို့ မြန်ဘာဘက်က ကနဦးကန့်ကွက်ချက် (Preliminary Objection) လုပ်ခဲ့ပါတယ်။

NUG အစိုးရကတော့  ကနဦး ကန့်ကွက်ချက်ကို ရုပ်သိမ်းကြောင်း ဒီနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တရားရုံးကို အကြောင်းကြားစာပို့ထားပေမဲ့ ICJ တရားရုံးဘက်က တုံ့ပြန်တာမရှိသေးပါဘူး။

ဒီကနေ့ အမှုကြားနာပွဲမစတင်ခင် ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတခုကို နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာ ကျင်းပခဲ့ရာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းတို့ တက်ရောက်ခဲ့ကြပြီး ရိုဟင်ဂျာတွေ တရားမျှတမှု ရရှိရေးအတွက် ရှင်းလင်းပြောကြားခဲ့ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013