Home
မြန်မာသတင်း
ရေးမြို့နယ်တွင် မီတာခ ထပ်မံတိုးမြှင့် ကောက်ခံမည်
DVB
·
February 21, 2022
274243195_256055920022513_5570491040642574443_n
274243195_256055920022513_5570491040642574443_n

မွန်ပြည်နယ်၊ ရေးမြို့နယ်မှ အခု ဖေဖော်ဝါရီလကစတင်ပြီး မီတာခ ၁ ယူနစ်ကို ကျပ် ၉၀၀ အထိ တိုးမြှင့်ကောက်ခံသွားမယ်လို့ မီးလင်းရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။

စက်သုံးလောင် ဆီစျေးတွေက ကျမလာဘဲပြန်တက်သွားတော့ မီတာခကို ဈေးလျှော့ဖို့ ပြင်ဆင်ထားပေမဲ့ မသက်သာလို့ မီတာခ ကျပ် ၇၇၀ ကနေ ထပ်မံတိုးမြှင့်ကောက်ခံရတာလို့  မီးလင်းရေးကော်မတီဘက်က ပြောပါတယ်။

“အခုလို ကိုဗစ်ကာလလည်းဖြစ် နိုင်ငံရေးအခြေနေတွေအရ အခြေခံစားသောက်ကုန်တွေ တခါစက်သုံးဆီဈေးတွေလည်းကြီးပြန်၊ မီတာခပါ ထပ်စျေးကြီးပြန်ဆိုတော့ အခုက အလုပ်တွေ ကလည်း အဆင်မပြေ၊ ရရှိတဲ့ ၀င်ငွေနဲ့ ထွက်ငွေတွေက မမျှတတော့ စားဝတ်နေရေးမှာ ပိုပြီး ခက်ခဲလာတယ်” လို့  သာမန်လက်လုပ်လက်စားတဦးက ပြောပါတယ်။

နယ်ကျေးရွာဘက်တွေမှာလည်း မီတာခကို ဈေးကြီးပေးရသလို ရေမီတာပါ အရင်ဈေးတွေထက် ပိုမိုဈေးကြီးပေး သုံးစွဲနေရတယ်လို့ ကျေးလက်နေပြည်သူတွေက ပြောပါတယ်။

အရင်က သာမန် အောက်ခြေ အလုပ်ကို့ ငွေ ၄၀၀၀ လောက်ရရင် စားဝတ်နေရေး လုံလောက်ပေမဲ့ အခုက တနေ့ ရတဲ့ဝင်ငွေနဲ့ ဘယ်လိုမှ ရပ်တည်မရဘူးလို့ ၀င်ငွေနည်းမိသားစုဝင်တွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့ ၁ နှစ်ကျော်ကာလအတွင်း မြန်မာကျပ်ငွေစျေးတွေ ကျဆင်းသွားသလို စက်သုံးဆီစျေးတွေ၊ စားသောက်ကုန်ဈေးတွေ စံချိန်တင် မြင့်တက်သွားတာပါ။

ရေးမြို့နယ်မှာ နိုင်ငံတော်ကပေးတဲ့ ဓာတ်အားလိုင်းတွေကို ဒီနေ့အထိ သုံးစွဲခွင့်မရသေးဘဲ ပုဂ္ဂလိက ကုမ္ပဏီတွေပေးနေတဲ့ လျှပ်စစ်မီးကို အမှီပြုသုံးစွဲနေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024