DVB Logo
Home
မြန်မာသတင်း
ပုသိမ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၇၉ ဦး တွေ့ရှိ
DVB
·
February 21, 2022
ပုသိမ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၇၉ ဦး တွေ့ရှိ
1 / 3
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ဖေဖော်ဝါရီလ အတွင်း ၃၇၉ ဦးအထိ ရှိလာတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပုသိမ်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပုသိမ်မြို့အဝင် ကိုးဆူတိုးဂိတ်မှာ  ခရီးသည်တွေကို အပူချိန်တိုင်းတာ၊ ရောဂါပိုးသံသယရှိ ခရီးသည်တွေကို  ဖေဖော်ဝါရီ ၈ ရက်ကစပြီး Test Kit အခမဲ့စစ်ဆေးပေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“မြို့အဝင်မှာ စစ်ဆေးတာတွေလုပ်တယ်၊ သူတို့ mask ဝေတာတွေတော့ လုပ်တယ်။ လူအစုအပြုံလိုက်ဖြစ်နေတာမျိုး ထိန်းချုပ်တာ မကြားပါဘူး။ ဖေဖော်ဝါရီထဲ အားကစားပွဲတွေ လုပ်ခဲ့တယ်၊ ကျောင်းတွေ ဖွင့်နေတာပဲ” လို့ ပုသိမ်မြို့ခံတစ်ဦးက ပြောပါတယ်။

ပုသိမ်မြို့မှာ ​ဖေ​ဖော်ဝါရီ ၁၆ ရက်​နေ့က အိုမီခရွန်​ ​ရောဂါပိုး​တွေ့သူ ၄၈ ဦး၊ ​ ၁၇ ​နေ့က ၅၁ ဦးထိ ပိုး​​တွေ့သူများပြားခဲ့ပြီး ​ဖေ​ဖော်ဝါရီ ၂၀ ရက်​နေ့ကတော့ ၁၆ ဦးသာ တွေ့ရှိခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်​ရေးအဖွဲ့က သိရပါတယ်။

ဧရာ၀တီတိုင်းအတွင်း မြို့နယ်တွေမှာ မြို့အဝင် ကိုဗစ်စစ်​ဆေး​ရေးဂိတ်တွေ ထားပြီး စစ်​ဆေး​နေ​ပါတယ်။

နိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃,၀၀၀ ကျော် သုံးရက်ဆက်တိုက် စံချိန်တင် တွေ့ရှိခဲ့ပြီးနောက်မှာ ကူးစက်ခံရသူပေါင်း ၅၆၅,၆၆၇ ယောက်ရှိခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၀ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013