DVB Logo
Home
မြန်မာသတင်း
စက်မှုဇုန်များတွင် အိုမီခရွန်လက္ခဏာပြ အလုပ်သမားများကို ခွင့်မပေးဘဲ အတင်းအကျပ်စေခိုင်း
DVB
·
February 21, 2022
စက်မှုဇုန်များတွင် အိုမီခရွန်လက္ခဏာပြ အလုပ်သမားများကို ခွင့်မပေးဘဲ အတင်းအကျပ်စေခိုင်း
Donate to DVB

ရန်ကုန်မြို့ စက်မှုဇုန်တွေက လုပ်ငန်းခွင်တွေမှာ အိုမီခရွန်လက္ခဏာနဲ့ ဖျားနာနေတဲ့ အလုပ်သမားတွေကို ခွင့်ယူခွင့်မပေးဘဲ အတင်းအကျပ် အလုပ်စေခိုင်းတာတွေ ဖြစ်ပေါ်နေတယ်လို့ ရန်ကုန်မြို့ခံ စက်ရုံလုပ်သားတွေက ပြောပါတယ်။ 

၂၀၂၂ နှစ်ဆန်းပိုင်းကစပြီး ကိုဗစ်မျိုးကွဲ အိုမီခရွန်လက္ခဏာခံစားနေရတဲ့ စက်ရုံလုပ်သား အများအပြားရှိနေပေမယ့် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ခံစားခွင့်မရကြဘူးလို့ ဆိုပါတယ်။ 

လူစုလူဝေးနဲ့ အလုပ်လုပ်ရတဲ့ စက်ရုံလုပ်ငန်းခွင်တွေ ကိုဗစ်-၁၉ စည်းကမ်းနဲ့အညီ ပြင်ဆင်ဆောင်ရွက်တာတွေ မရှိတဲ့အတွက် လုပ်သားတွေဟာ ဆိုးရွားတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

ရွှေပြည်သာစက်မှုဇုန်လုပ်သားတဦးက “နေမကောင်းတဲ့ အလုပ်သမားတစ်ယောက်ဆို ဂိတ်ပတ်နဲ့ နေ့တစ်ဝက်ပြန်ဖို့စက်ရုံကို ပြောတယ်။ ခွင့်မပေးဘူး။ အဲဒါနဲ့ ဘာမှမလုပ်နိုင်လို့ထိုင်နေတာ ဘာ မှမလုပ်ရကောင်းလားဆိုပြီး ဖိအားပေး အတင်းအကျပ်ခိုင်းခံရတာမျိုး ကြုံရတယ်။"

ဖျားနာတဲ့ စက်ရုံလုပ်သားတွေဟာ နေမကောင်းလျက်နဲ့အလုပ်လုပ်နေရတာကြောင့် အိုမီခရွန်ကူးစက်တဲ့ အခြေအနေဟာ ပိုပြီးဆိုးရွားလာနိုင်တယ်လို့ လုပ်သားတွေက ပြောပါတယ်။  ရက်မှန်ကြေးနဲ့ နေ့စဉ်ကြေး အဖြတ်ခံရမယ့် ဖိအားတွေကြောင့် နေမကောင်းလည်း အလုပ်ဆက်လုပ်နေရတယ်လို့ ဆိုပါတယ်။ 

နေမကောင်းလို့ခွင့်ယူရင် အလုပ်ကအထုတ်ခံရမှာကို ကြောက်ရတဲ့အတွက် လက်ရှိ စားဝတ်နေရေးနဲ့ဝင်ငွေကိုငဲ့ပြီး အလုပ်ဆက်လုပ်နေကြရတာလို့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (MICS-TUsF)  လက်ထောက်အတွင်းရေးမှူး ကိုနေလင်းအောင်က  ပြောပါတယ်။

ရန်ကုန်မြို့ကစက်ရုံတွေဟာ ကိုဗစ်-၁၉ နဲ့ ပတ်သက်သက်ပြီး ကျန်းမာရေးလမ်းညွှန်ချက်တွေကို လိုက်နာဖို့ ပျက်ကွက်နေကာ စစ်ဆေးရေးအဖွဲ့တွေ လာမယ်ဆိုမှ ဟန်ပြပြင်ဆင်တာမျိုး ပြုလုပ်နေကြတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် STUM) ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။ အလုပ်သမားတွေဟာ နေမကောင်းတဲ့ကြားက အလုပ်လုပ်နေရတာဟာ အလုပ်သမားဥပဒေနဲ့ညီညွတ်မှုမရှိဘူးလို့ ဆိုပါတယ်။

ရန်ကုန်မြို့က စက်ရုံလုပ်ငန်းခွင်တွေမှာ အိုမီခရွန်လက္ခဏာပြလုပ်သားတွေ တနေ့ထက်တနေ့ ပိုများလာပြီး အစုလိုက်အပြုံလိုက် ဖျားနာတာတွေ ဖြစ်ပေါ်နေတာပါ။ ဒီအခြေအနေနဲ့ ပတ်သက်တဲ့သတင်းအမှန်တွေကို စစ်ကောင်စီက ဖုံးကွယ်ထားပြီး ကူညီစောင့်ရှောက်မှု တစ်စုံတရာကိုလည်း မပေးခဲ့ပါဘူး။ ကိုဗစ် တတိယလှိုင်းကာလတုန်းကလည်း စစ်ကောင်စီက အခုလိုပဲ လျစ်လျူရှုခဲ့တာကြောင့် ရန်ကုန်သုသာန်တွေမှာ ရုပ်အလောင်းတွေကို မနိုင်မနင်း သင်္ဂြိုဟ်ရတဲ့အထိ အခြေအနေဆိုးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013