
ဒီပဲယင်းမြိုနယ်အတွင်း စစ်ကောင်စီတပ်ကို ပြည်သူကာကွယ်ရေးတပ်တွေက ဖေဖော်ဝါရီ ၂၁ ရက် မနက် ၅ နာ ရီ၁၅ မိနစ်လောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပဲယင်းမြို့နယ် ပျံကျကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဒီပဲယင်းပကဖအဖွဲ့ တာဝန်ရှိသူတစ်ဦးက DVB ကို အတည်ပြုပြောပါတယ်။
“စိုင်ပြင်ကနေ ဒီပဲယင်းမြို့ကို ထွက်လာတဲ့ စခတွေကို မိုင်းဆွဲခဲ့တာ။ အင်အားအယောက် ၂၀ လောက်ပါတယ်။ အဲတာကို မိုင်းဆွဲခဲ့တာ။ ထိထိမိမိကိုခွဲခဲ့တာ။ ၁၀ ဦးထက်မနည်း ကျဆုံးနိုင်မယ်။ ထိခိုက်ဒဏ်ရာရသူလည်း များနိုင်တယ်ဗျ။ ကျနော်တို့ဘက်ကတော့အထိအခိုက် အကျဆုံးမရှိခဲ့ဘူး။”
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် သေဆုံးဒဏ်ရာမှုအခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးသလို DVB အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး ရှာဖွေတာတွေ နေစဉ်လုပ်နေတာ ကြောင့် ဒေသခံတွေ စစ်ဘေးရှောင်နေကြရပါတယ်။