DVB Logo
Home
မြန်မာသတင်း
နတ္တလင်းတွင် အသက်မပြည့်သေးသည့် မိန်းကလေးအချို့အပါအဝင် ဒေသခံများကို စစ်တပ်က ဖမ်းဆီး
DVB
·
February 19, 2022
နတ္တလင်းတွင် အသက်မပြည့်သေးသည့် မိန်းကလေးအချို့အပါအဝင် ဒေသခံများကို စစ်တပ်က ဖမ်းဆီး
1 / 3
Donate to DVB

ပဲခူးတိုင်းအနောက်ပိုင်း နတ္တလင်းမြို့နယ်ထဲမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေအပါအဝင် ဒေသခံ ၆  ယောက်ကို ဖေဖော်ဝါရီ ၁၈ ရက် ည ၁၁ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ညက ၁၁ နာရီလောက်မှာ သီရိမြိုင်လမ်းက အုပ်ချုပ်ရေးမှူးဟောင်းဦးအောင်မြင့်ရဲ့ တူမ ၁၀ တန်းကျောင်းသူလေးကို ဖမ်းဖို့ စစ်ကောင်စီတပ်က လာဝိုင်းရာမှာ မမိလို့ သူ့ရဲ့ဖခင် ကိုမောင်စိုးကို ဖမ်းသွားတာဖြစ်ပါတယ်။

ဒါ့အပြင် ရန်အောင်မာန်အောင်ရပ်ကွက်ထဲက မိန်းကလေးတွေဖြစ်တဲ့ ခင်ငြိမ်းချမ်း ၁၄ နှစ်၊ မှူးမြတ်ကိုကို ၁၄ နှစ်၊ အေးပြည်စုံ ၁၈ နှစ်နဲ့  မြန်မာဆွေလမ်းက မောင်အာကာဖုန်းမြတ် ၁၅ နှစ်တို့ကိုလည်း ဖမ်းဆီးသွားပါတယ်။

အဖမ်းခံရတဲ့ မိန်းတယောက်ရဲ့ ဦးလေးတော်စပ်သူက “အခုဖမ်းသွားတာက ကလေးတွေချည်းပဲ။  လူငယ်တွေဘ၀က နေစရာမရှိအောင်ကို မလုံခြုံတော့ဘူး။ အိမ်တွေမှာလည်း ကိုယ့်သားသမီးကို မထားရဲတော့ဘူး။ ဘာလုပ်ရမလဲ ကိုမသိတော့ဘူး။    PDF  လုပ်ခိုင်းဖို့ကလည်း ကိုယ့် ကလေးတွေက အသက်ကမပြည့်သေးဘူး” လို့  ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ  ၁၉ ရက်နေ့ မနက်ပိုင်းကလည်း မောင်ရဲသူဆိုတဲ့ လူငယ်လေးတယောက်ကို စစ်ကောင်စီတပ်တွေက သူ့နေအိမ်ကနေ လာဖမ်းသွားတယ်လို့ တရပ်ကွက်တည်း အတူနေသူတွေထံက သိရပါတယ်။ 

စုစုပေါင်း ၆ ယောက်ကို ဖမ်းဆီးသွားတယ်ဆိုပေမဲ့ ညကတည်းက နေအိမ်တွေကို ဧည့်စာရင်း အတင်းလိုက်စစ်တယ်နေတာကြောင့် အဖမ်းအခံရသူ ဒီထက်များနိုင်ပြီး   ၁၄ နှစ်အရွယ် ကောင်လေး၂ ယောက်ကိုလည်း တာပွန်လမ်းထိပ်မှ  ဖုန်းယူစစ်ဆေးပြီး ဖမ်းသွားတယ်လို့ ဒေသခံထံက သိရပါတယ် 

“နတ္တလင်းအရှေ့ပိုင်းကိုလည်း သွားဖမ်းကြတယ်၊ တာပွန်နဲ့ ဈေးဘက်ကိုလည်း သွားဖမ်းကြသေးတယ်။ အရေအတွက်ကို အတိအကျ ခန့်မှန်းလို့မရ‌သေးပေမဲ့ စုစုပေါင်း ၃၀ လောက်တော့ အဖမ်းခံရနိုင်တယ်”လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတယောက်က ပြောပါတယ်

အခုအဖမ်းခံထားရသူတွေထဲကအများစုကို  အင်းမ ၆၆ စစ်တပ်ထဲကို ဖမ်းခေါ်သွားပြီး တချို့ကိုတော့ ထွေအုပ်ရုံးမှာ စစ်ကြောနေတယ်လို့ ရဲတပ်ဖွဲ့ဝင်တယောက်ထံက သိရပါတယ်။ ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာ မသိရသေးသလို ဖမ်းဆီးခံရသူ  အားလုံးကို မိသားစုနဲ့ အဆက်အသွယ်ပေးမလုပ်ဘူးလို့ သိရပါတယ်။

စုစုပေါင်း လူ ၃၀ ကျော်လောက်ကို တညတည်းနဲ့ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရခဲ့ပေမဲ့ DVB ကတော့ အဖမ်းခံရသူအရေအတွက် အတိအကျကို အတည်ပြုဖို့ ကြိုးစားနေ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013