DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ကျင်းပမည့် Mister Global 2022 ပြိုင်ပွဲတွင် မြန်မာအလှမောင် ဝင်ပြိုင်မည်
DVB
·
February 19, 2022
ထိုင်းတွင် ကျင်းပမည့် Mister Global 2022 ပြိုင်ပွဲတွင် မြန်မာအလှမောင် ဝင်ပြိုင်မည်
1 / 2
Donate to DVB

ထိုင်းနိုင်ငံမှာ လာမယ့် မတ်လအတွင်း ကျင်းပမယ့် Mister Global 2022 ပြိုင်ပွဲမှာ မြန်မာ အလှမောင် မျိုးထွဋ်နိုင်က သွားရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

ဒီပြိုင်ပွဲကတော့ Big Male Pageant တွေထဲတခုအပါအဝင်ဖြစ်ပြီး ၂၀၁၄ ခုနှစ်က စတင်ကျင်းပခဲ့တာ ဖြစ်ကာ အခုနှစ်မှာတော့ ၇ ကြိမ်မြောက်အနေနဲ့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Mister Global 2014 ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံမှ အလှမောင် မြတ်သူရလွင်က Winner ဆုကို ဦးဦးဖျားဖျား ရရှိခဲ့ဖူးပြီး ၂၀၁၅ ခုနှစ်မှာတော့ မင်းလူလူက Top 15 အဆင့်ထိ ရောက်ရှိခဲ့ကာ ၂၀၁၆ ခုနှစ် အလှမောင် လင်းမောင်က Top 10 အဆင့်၊ ၂၀၁၇ ခုနှစ် အလှမောင် ပိုင်စိုးထွန်းက Top 16 အဆင့်ထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၁ ခုနှစ်တွေမှာတော့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ဒီပြိုင်ပွဲကို ကျင်းပနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013