DVB Logo
Home
မြန်မာသတင်း
ဘီးလင်း NLD အမတ် ဒေါ်သီရိရတနာ၏ နေအိမ် ချိပ်ပိတ်ခံရ
DVB
·
February 19, 2022
ဘီးလင်း NLD အမတ် ဒေါ်သီရိရတနာ၏ နေအိမ် ချိပ်ပိတ်ခံရ
1 / 2
Donate to DVB

မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်ရှိ ဘီးလင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာရဲ့ နေအိမ်ကို ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းမှာ စစ်ကောင်စီက လာရောက်ချိပ်ပိတ်သွားခဲ့တယ်လို့  အန်အယ်လ်ဒီ ပါတီနဲ့ နီးစပ်သူတွေက DVB ကို ပြောပါတယ်။

စစ်ကောင်စီကတော့ ဒေါ်သီရိရတနာဟာ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်ကို လာရောက် ချိပ်ပိတ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒေသခံတွေအဆိုအရ စစ်ကောင်စီဘက်က လာရောက်ချိပ်ပိတ်သွားတဲ့ နေအိမ်ဟာ မိသားစုပိုင်ဆိုင်တဲ့ နေအိမ်ဖြစ်ပြီး ဒေါ်သီရိရတနာ နေအိမ် မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒေါ်သီရိရတနာဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရတာကြောင့် ထွက်ပြေးတိမ်းရှောင်နေတာ ဖြစ်ပါတယ်။

ဒေါ်သီရိရတနာဟာ ဘီးလင်းမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း NLD ပါတီ အမာခံ နေအိမ်နဲ့ စားသောက်ဆိုင်တွေကို လာရောက် ချိပ်ပိတ်ထားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013