Home
မြန်မာသတင်း
ပခုက္ကူမြို့နယ်၌ စစ်ဆေးရေးဂိတ် ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရပြီး ၈ ဦးထက်မနည်း သေဆုံး
DVB
·
February 19, 2022
274355355_119401103997928_1962615510072875654_n

မကွေးတိုင်း၊ ပခုက္ကူမြို့ စက်မှုဇုန်မြောက်ဘက်က ကြီးရွာစစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီ ၁၈ ရက် ညက ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  ရေစကြိုတောင်ပိုင်းPDF တပ်ဖွဲ့က ပြောပါတယ်။

မနေ့က ည ၆နာရီခွဲလောက်မှာ ရေစကြိုတောင်ပိုင်း PDFနဲ့ PKU N PDF တို့ပူးပေါင်းပြီး ရှော့တိုက်ဒုံး နှစ်လုံးနဲ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၈ ယောက်ထက်မနည်း သေဆုံးပြီး အပြင်းထန် ဒဏ်ရာရသူတချို့ရှိတယ်လို့ ရေစကြိုတောင်ပိုင်းPDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“အဲဒီဂိတ်မှာက စစ်ကောင်စီတပ်သား ၁၀ ယောက်လောက်ရှိတာဗျ။ ကျနော်တို့ဘက်က ရှော့တိုက်ဒုံးနဲ့ အနီးကပ်ပစ်ခတ်တိုက်ခိုက်တာမှာ သူတို့ဘက်က တစ်ချက်မှ ပြန်မပစ်နိုင်ဘူး။ နာရီဝက်လောက်ကြာမှာ စစ်ကူရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေက ရမ်းပစ်တယ်။ သူတို့ဘက်ကတော့ ဂိတ်စောင့်နေတဲ့ သူတွေ အာလုံးနီးပါး သေဆုံးဒဏ်ရာရနိုင်တယ်။”

နှစ်ဘက်တိုက်ပွဲ အတွင်းမှာ စစ်ကောင်စီတပ်ဘက်က စစ်ကူလာတဲ့ အဖွဲ့တွေက ရမ်းပစ်ခတ်ပေမဲ့ ကျနော်တို့ ညီနောင်မဟာမိတ်တပ်ဖွဲ့က ရဲဘော်တွေ အထိခိုက် အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024