DVB Logo
Home
မြန်မာသတင်း
ကျောက်မဲစစ်ဘေးရှောင် ၅၀၀ ကျော် တောင်ကြီးမြို့ပေါ်သို့ သွားရောက် ခိုလှုံ
DVB
·
February 18, 2022
ကျောက်မဲစစ်ဘေးရှောင် ၅၀၀ ကျော် တောင်ကြီးမြို့ပေါ်သို့ သွားရောက် ခိုလှုံ
1 / 6
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ထဲမှာ မနှစ်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ချင်း ဖြစ်ပွါးတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာရတဲ့ ရွာသားတွေတချို့က ဖေဖော်ဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ   တောင်ကြီးမြို့ပေါ်ကို ထပ်မံရောက်ရှိလာပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့က   ၃၅၈ ဦး ၊ ၁၇ ရက်နေ့မှာ ၁၇၉ ဦး စုစုပေါင်း ၅၂၈ ဦး တောင်ကြီးမြို့ကို ရောက်လာတာဖြစ်ပြီး ဆရာတော်သံဃာတော်တွေက တောင်ကြီးဝေဠုဝန်ကျောင်းတိုက်နဲ့ ကမ္မဋ္ဌာန်းကျောင်းတိုက်တွေမှာ ခိုလှုံခွင့်ပြုထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကတိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေဟာ မူရင်း ရွာပြန်နေကြပေမယ့် တချို့က မပြန်ရဲသေးဘဲ စစ်ဘေးရှောင်စခန်းမှာကျန်နေသလို တချို့က ဆွေမျိုး အသိတွေဆီ ပြောင်းရွှေ့ခိုလှုံနေကြပါတယ်။

အဲဒီထဲက ဟူးဆွန်ကျေးရွာအုပ်စု ဟူးဆွန်၊ ပုန်းလုံ ၊ ကျိန်ကိုင် ၊ နိမ်းဆိုင်းစတဲ့ကျေးရွာက အိမ်ထောင်စု ၂၀၀ ကျော် ၊ လူဦးရေ ၅၀၀ ကျော်ဟာ ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်  နောင်လုံကျေးရွာကို ပြောင်းလာပြီးရပ်စောက်ဘက်မှာလည်း တိုက်ပွဲဖြစ်တာကြောင့် ဟိုပုံးမြို့ နယ်ဘက် ကျည်တော်ရွာဘက် ပြောင်းသွားကြောင်း ၊ ဟိုပုံးမှာလည်း တပ်ပေါင်းစုတွေ ရောက်လာတာကြောင့် တောင်ကြီးမြို့ပေါ်ကို ထပ်ရှောင်လာရတာလို့ စစ်ဘေးရှောင်သွားရောက်ကူ ညီခဲ့သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“အစကကျောက်မဲစာပေယဉ်ကျေးမှုရုံးမှာ လာခို လှုံတယ်၊ အဲဒီမှာ လူကများနေရာကျပ်တည်းပြီး ကိုဗစ်ရောဂါလည်းကူးမှာစိုးလို့ တခြားနေရာကို တနေရာစီ ထပ်ခွဲသွားကြတယ်၊ ရွာထဲမှာတော့လက်နက်ကိုင်တွေရှိနေလို့ တိုက်ပွဲထပ်ဖြစ်မှာစိုးပြီး မပြန်ရဲဘူးပေါ့ ၊ သူတို့အသုတ်က အိမ်ထောင်စု ၂၀၀ ကျော်၊ ရပ်စောက်ဘက်မှာ ခိုလှုံခွင့်ပေးမယ့် စေတနာရှင်ပေါ်လာတာကြောင့် အဲဒီမှာတဲထိုးပြီးနေတာ တလကျော်ကြာတော့ ကျောက်ဂူမှာတိုက်ပွဲ ဖြစ်တယ်၊ သူတို့နေတဲ့နောင်လုံရွာနဲ့ နီးနီးလေး၊ အဲဒါနဲ့ မနေရဲဘူးဆိုပြီး  အသိရှိတဲ့ ဟိုပုံးမြို့နယ် ကျည်တော်ရွာကို ပြောင်းတယ်၊ ကျည်တော်မှာ ၉ ရက်နေပြီး အဲဒီနေရာနဲ့နီးတဲ့ မိုင်းပျဉ်းရွာမှာ  တပ်ပေါင်းစုတွေရောက်လာတယ် ၊ သူတို့က သေနတ်သံကြားရင်ကို ထိတ်လန့်နေတဲ့ စိတ်ဒဏ်ရာ ရနေကြတာဆိုတော့ အဲဒီမှာ မလုံခြုံသလိုခံစားရတော့ တောင်ကြီးမြို့ပေါ် ထပ်ရှောင်လာတာပါ။”

စစ်ဘေးရှောင်တွေဟာ ရေရှည်အတွက် ဘယ်မှာဘယ်လိုနေမလဲ မစဉ်းစားနိုင်သေးဘဲ လောလောဆယ် တနေ့တာ စားဝတ်နေရေး လုံခြုံရေးအတွက်သာဖြတ်သန်းနေကြောင်း ၊ တောင်ကြီးမှာခိုလှုံနေချိန် ဘုန်းကြီးကျောင်းက ကျွေးမွေးထားပေမဲ့ အချင်းချင်းပြန်ထောက်ပံ့နိုင်ဖို့ အလုပ်လုပ်နိုင်သူတွေက ရရာအလုပ်လည်း လုပ်ချင်နေကြတယ်လို့ ဆိုပါတယ်။

တောင်ကြီးရောက် ကျောက်မဲစစ်ဘေးရှောင်ထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေ၊ လေဖြတ်နေတဲ့ရောဂါသည်တွေပါ ပါဝင်ကြောင်း၊ ရပ်နီးရပ်ဝေး စေတနာရှင်တွေအနေနဲ့ ဖုံးနံပါတ် ၀၉၅၂၁၄၇၇၀ / ၀၉၅၂၁၁၄၃၇/ ၀၉၅၂၁၄၄၉၈၁၀/ ၀၉၄၂၅၄၆၆၆၆၅ တွေကို ဆက်သွယ်ကူညီနိုင်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013