DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်ရဲတပ်သား ၁ ဦး လက်နက်နှင့်အတူ ပြည်သူ့ထံ အလင်းဝင်
DVB
·
February 18, 2022
လွိုင်ကော်ရဲတပ်သား ၁ ဦး လက်နက်နှင့်အတူ  ပြည်သူ့ထံ အလင်းဝင်
1 / 3
Donate to DVB

လွိုင်ကော်အခြေစိုက် ရဲဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား မောင်စိုးဟိန်းသူဟာ လက်နက်နဲ့အတူ ပြည်သူဘက်တော်သားအဖြစ် ပူးပေါင်းပါဝင်လာခဲ့တယ်လို့ ကရင်နီ ဒီမိုကရက်တစ်တပ်ဦး(KDF) က ထုတ်ပြန်ပါတယ်။

ကရင်နီဒီမိုကရက်တစ်တပ်ဦးနဲ့ ကရင်နီပြည်အခြေစိုက်ပြည်သူ့ရဲ KSP တို့ပူးပေါင်းကာ နယ်မြေ လူပ်ရှားနေချိန်မှာ  ခုလိုလာရောက်ခိုလှုံ CDM ပြုလုပ်ပြီး ပူးပေါင်းခဲ့တာလို့ ဆိုပါတယ်။

ရဲတပ်သား မောင်စိုးဟိန်းသူဟာ G-3 အမျိုးအစားသေနတ် ၁ လက် ၊ 7.62 ကျည် ၁၀၄ တောင့် ၊ ကျည်ဘောက် ၂ ဘောက်တို့ကို ယူဆောင်လာခဲ့ပြီး KDF နဲ့ KSP တို့ဆီ အပ်နှံခဲ့ပြီး ပြည်သူ့ဘက်တော်သားအဖြစ် ပူးပေါင်းလာခဲ့သည့်အတွက်လည်း ဂုဏ်ယူကြောင်း ဖော်ပြ ထားပါတယ်။

အလားတူ  ရဲဝန်ထမ်းတွေ ၊စစ်သားတွေ အနေနဲ့လည်း ပြည်သူ့ဘက် ရဲရဲဝံဝံရပ်တည်ပြီး CDM ပါဝင်ကြဖို့နဲ့ CDM ဝင်ရောက်လာပါကလည်း သေနတ်တွေပါ တစ်ပါတည်း ယူဆောင် လာကြဖို့ KDF က တိုက်တွန်းနှိုးဆော်ထားပါတယ်။

လက်ရှိကာလ မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ် ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲ နေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီး တိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013