DVB Logo
Home
မြန်မာသတင်း
နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး
DVB
·
February 18, 2022
နတ်တလင်းမြို့နယ်တွင်  စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး
Donate to DVB

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ယောက်သေဆုံးခဲ့တယ်လို့ နတ်တလင်း PDF တပ်ဖွဲ့တစ်ခုဖြစ်တဲ့ Phoenix DF တပ်ဖွဲ့ကနေ သိရပါတယ်။

နတ်တလင်းမြို့နယ် ရေကြည်ရွာကနေ သရက်မြောင်ရွာကိုသွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက် ညနေ ၄ နာရီခွဲလောက်မှာ နတ်တလင်း PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သာ ၅ ယောက်သေဆုံးခဲ့တယ်လို့ နတ်တလင်းPDF ရဲ့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ပေမဲ့ PDF ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲ ဖြစ်ပွားတဲ့နေရာမှာ စစ်ကောင်စီတပ်သား အလောင်း ၃ လောင်းကို ဆွဲယူသွားကြပြီး အလောင်း ၂ လောင်း ကျန်နေခဲ့တယ်လို့ သိရပါတယ်။

ရေကြည်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီလ ၂၂ ရက်ကလည်း နတ်တလင်းPDF က ရှော့တိုက်ပြောင်းနဲ့ တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013