DVB Logo
Home
မြန်မာသတင်း
ဘုတလင်မြို့မရဲစခန်း လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ၊ ရေဦးတိုက်ပွဲတွင် စစ်တပ်က ၇ ဦးခန့် ကျဆုံး
DVB
·
February 16, 2022
ဘုတလင်မြို့မရဲစခန်း လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ၊ ရေဦးတိုက်ပွဲတွင် စစ်တပ်က ၇ ဦးခန့် ကျဆုံး
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မြို့မရဲစခန်း ဖေဖော်ဝါရီ ၁၅ ရက်နေ့ည ၇ နာရီကျော်လောက်မှာ အဝေးပစ်လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဘုတလင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက “ကျနော်တို့ ပစ်ခတ်တိုက်ခိုက်ခဲ့တာက တာဝေး‌ပစ်လက်နက်ကြီး ၁၀ လုံးနဲ့ပစ်ခတ်ခဲ့တာ။ စခတွေဘက် အထိအခိုက်ကတော့ ရေရေရာရာမသိရသေးဘူး။ ကျနော်တို့ဘက်ကတော့ အကျအဆုံးမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

ပြည်သူကာကွယ်ရေးအဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ရဲစခန်း အဆောက်ဦအချို့ ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း ပြည်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ဘုတလင် မြို့မရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်တွေဟာ ဘုတလင်မြို့ပေါ်မှာ လုံခြုံရေးတွေ တင်းကြပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဘုတလင်မြို့မှာ နယ်မြေစိုးမိုးမှုရအောင် စစ်ကြောင်းထိုးတာတွေ‌ နေ့စဥ်ပြုလုပ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ ရေဦး PDF တို့ ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရေဦးမြို့ရဲ့ မြောက်ဘက်ခြမ်း ဘိုရုံရွာအနီးရှိ ‌ဆည်မြောင်းတူးမြောင်းမှာ အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေဦး PDFက ထုတ်ပြန်ထားပါတယ်။

စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်သား ၆၀ ကျော်နဲ့ မြောက်ဘက်အရပ်မှာ အခြေ စိုက်ထားတဲ့ ပကဖ၊ PDF နဲ့ ဒေသခံတော်လှန်ရေး ပူးပေါင်းအဖွဲ့တို့ မိနစ် ၃၀ ကျော် ထိတွေ့ခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့ပြီး PDFရဲဘော် ၂ ဦးထိခိုက်ဒဏ်ရာရခဲ့လို့ ဆိုပါတယ်။

တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013