DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ စားနပ်ရိက္ခာဖူလုံရေး ဒိန်းမတ်နိုင်ငံက ဒေါ်လာ ၃ ဒသမ ၈သန်းဖိုး ကူညီ
DVB
·
February 14, 2022
မြန်မာနိုင်ငံ စားနပ်ရိက္ခာဖူလုံရေး ဒိန်းမတ်နိုင်ငံက ဒေါ်လာ ၃ ဒသမ ၈သန်းဖိုး  ကူညီ
Donate to DVB

ဒိန်းမတ်နိုင်ငံဟာ မြန်မာနိုင်ငံစားနပ်ရိက္ခာ မလုံလောက်မှုအန္တရာယ် လျော့ပါးသက်သာရေးနဲ့ လယ်သမားတွေ သီးနှံအထွက်တိုးအောင် ဆောင်ရွက်နိုင်ရေးတို့အတွက် ကူညီပေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးက ထုတ်ပြန်ထားပါတယ်။

ကိုဗစ်-၁၉ရောဂါနဲ့ နိုင်ငံရေးအကျပ်အတည်းတွေကြောင့်  မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေ ဖြစ်ပွားတဲ့ နေရာတွေမှာ လယ်ယာလုပ်ငန်းတွေအပေါ် ထိခိုက်မှုတွေရှိခဲ့တာကြောင့် ဒိန်းမတ်နိုင်ငံအနေနဲ့ ဒီလိုအခြေအနေမှာ ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဥ်ကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၈သန်းနဲ့  ညီမျှတဲ့ ဒိန်းမတ် ခရိုနာ ၂၅သန်းကို ထည့်၀င် လှူဒါန်းထားကြောင်း သံရုံးကဆိုပါတယ်။

ဒါ့အပြင် တာ၀န်ယူမှုရှိတဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် ရန်ပုံငွေRBF-Myanmar ကတဆင့် ရခိုင်ပြည်နယ်က လယ်သမားတွေကို တိုက်ရိုက် ပံ့ပိုးပေးနေကြောင့် သံရုံးကဆိုထားပြီး၊ အဲဒီရန်ပုံငွေနဲ့ ထုတ်လုပ်နည်းတွေ တိုးတက်ပြီး အထွက်နှုန်းကောင်းအောင် လယ်သမားတွေကို ကူညီပေးနေတယ်လို့လည်းဆိုပါတယ်။

ဒိန်းမတ်နိုင်ငံဟာ ဒီနေ့အထိမြန်မာနိုင်ငံကအသေးစားလုပ်ငန်း လုပ်ကိုင်တဲ့ လယ်သမား ၇၆ ဦးကို ကောက်ပဲသီးနှံ ရိတ်သိမ်း ချွေလှေ့စက် ဝယ်ယူဖို့ မြန်မာငွေကျပ် ၂ ဘီလီယံ  ပံ့ပိုးခဲ့တယ်လို့ ဒိန်းမတ် သံရုံးက ထုတ်ပြန်ထားပါတယ်။

Photo Credit- Embassy of Denmark 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013