DVB Logo
Home
မြန်မာသတင်း
မိုးကုတ်မြို့က ဂွေးပင်စစ်ကောင်စီတပ်စခန်းနှင့် စစ်ကူသွားသည့်ယာဥ်တန်း တိုက်ခိုက်ခံရ
DVB
·
February 14, 2022
မိုးကုတ်မြို့က ဂွေးပင်စစ်ကောင်စီတပ်စခန်းနှင့် စစ်ကူသွားသည့်ယာဥ်တန်း တိုက်ခိုက်ခံရ
Donate to DVB

မန္တလေးတိုင်းမိုးကုတ်မြို့အနောက်ပိုင်းက ဂွေးပင်စစ်ကောင်စီတပ်စခန်းက ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက် ၄ နာရီဝန်းကျင်က စတင်တိုက်ခိုက်ခံခဲ့ရပြီး စစ်ကူသွားတဲ့ စစ်ကောင်စီ ယာဥ်တန်းလည်း ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနက် ၄ နာရီလောက်ကစ​ပြီး လက်နက်ကြီးကျတယ်၊ အပြန်အလှန် ပစ်သံတွေ ကြားရတယ်၊ အနီးအနားရွာက လူတွေတော့ ရှောင်ကုန်ကြပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဂွေးပင်စစ်ကောင်စီတပ်စခန်းကို ​မိုးကုတ်မြို့ထဲကနေ အင်အား ၆၀၀ ဝန်းကျင်နဲ့ စစ်ကူသွားကြတယ်လို့ ​မျက်မြင်တွေ့သူဒေသခံတွေက ဆိုပါတယ်။

မနက် ၄ နာရီကစပြီး မနက် ၈ နာရီအထိ ပစ်ခတ်သံတွေ ကြားနေရတာကြောင့် အနီးအနားရွာက ဒေသခံတွေ တိမ်းရှောင်နေကြရပြီး ထိခိုက်မှုအခြေနေကို မသိရသေးဘူးလို့ ဆိုပါတယ်။

ဂွေးပင်စစ်ကောင်စီတပ်စခန်းက မနက် ၄ နာရီလောက်ကစ​ပြီး ပစ်ခတ်တိုက်ခိုက်ခံရတာဖြစ်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကို မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013