DVB Logo
Home
မြန်မာသတင်း
ထိုင်းဘက် တရားမဝင် ဝင်ရောက်သည့် မြန်မာ ၁၄၀ ကျော် ဖမ်းမိ
DVB
·
February 14, 2022
ထိုင်းဘက် တရားမဝင် ဝင်ရောက်သည့် မြန်မာ ၁၄၀ ကျော် ဖမ်းမိ
Donate to DVB

ထိုင်းနိုင်ငံဘက်ကို အနောက်ဘက်ခရိုင် ၃ ခုက နေ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာခဲ့တဲ့ မြန်မာနိုင်ငံသား ၁၄၂ ယောက်ကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ၂ ရက်အတွင်း  နယ်စပ်ကင်းလှည့်တပ်တွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

အုပ်စု ၈ စုဖမ်းဆီးနိုင်ခဲ့တဲ့ထဲမှာတော့ အမျိုးသား ၉၁ ယောက်နဲ့ အမျိုးသမီး ၅၁ ယောက်ပါ ဝင်ပြီး ထိုင်းဘက်ကို ဖြတ်ကျော်နိုင်ဖို့ လမ်းပြကူညီခဲ့သူ ထိုင်းနိုင်ငံသား ၁၁ ယောက်ကိုပါ ဖမ်းဆီးနိုင်ခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

သူတို့ဟာ မြန်မာနိုင်ငံ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနဲ့ ရခိုင်ဒေသတွေကနေ ထိုင်းနိုင်ငံ ဆမွတ် စာခွန်၊ ရာယောင်၊ ကန်ချနဘူရီနဲ့ ဘန်ကောက်ဒေသတွေမှာ အလုပ်လုပ်ကိုင်ဖို့ လာရောက် ခဲ့ကြတာဖြစ်ပြီး တယောက်ကို ပွဲစားခ ဘတ် ၁၅,၀၀၀ ကနေ ၂၀,၀၀၀ ကြား ပေးခဲ့ကြရ ကာ တချို့ကတော့ ဦးတည်ရာ အလုပ်နေရာရောက်မှ ပေးမယ်ဆိုတဲ့ ကတိကဝတ်နဲ့ လာရောက်ခဲ့ကြတာလို့ ပြောပါတယ်။

လက်ရှိမှာတော့ သူတို့ကို ကင်းလှည့်တပ်ဖွဲ့ကနေ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေဆီ ပို့ဆောင်ပြီး ဥပဒေကြောင်းအရ လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ကာ နေရပ် ပြန်လည်ပို့ဆောင်နိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရားမဝင် ဝင်ရောက်နိုင်ဖို့ ကူညီခဲ့တဲ့ ထိုင်းလမ်းပြတွေကိုလည်း အရေးယူပြစ် ဒဏ်ချမှတ်သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013