DVB Logo
Home
မြန်မာသတင်း
အကျဥ်းသား ၈၀၀ ကျော် ပြန်လွှတ်
DVB
·
February 13, 2022
အကျဥ်းသား ၈၀၀ ကျော် ပြန်လွှတ်
Donate to DVB

 ၇၅  နစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်း အကျဥ်းထောင်   ၄၀  ကျော်က အကျဥ်းကျခံနေရတဲ့ အကျဥ်းသား ၈၁၄ ဦးကို ဖေဖော်ဝါရီ ၁၂ ရက်က လွတ်ငြိမ်းခွင့်ပြုလိုက်ပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ မပါဘူးလို့ သိရပါတယ်။

ရန်ကုန် အင်းစိန်အကျဥ်းထောင်က အယောက် ၈၀ နဲ့ မန္တလေး အိုးဘိုအကျဥ်းထောင်က  ၄၀၊ လွတ်မြောက်လာပြီး နိုင်ငံရေး အကျဥ်းသားတွေ မပါသေးဘူးလို့  သိရပါတယ်။

ရခိုင်ပြည်နယ်အကျဥ်းထောင်က ၆၇ ဦး လွတ်ငြိမ်းခွင့်ရပြီး အကြမ်းဖက် ဥပဒေနဲ့ ၄၆ ဦး၊ အခြားအမှုနဲ့ ၂၂ ဦးရှိကြောင်း အကျဥ်းထောင် အသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အလားတူ မွန်ပြည်နယ်မှာ  လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူ  အယောက် ၇၀  ရှိပြီး ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ  (၁) အရ စည်းကမ်းသက်နဲ့ လွှတ်ပေးလိုက်တာလို့ ကျိုက်မရော ဗဟို အကျဥ်းထောင်က သိရပါတယ်။

အခုထိ လွတ်ငြိမ်းခွင့်ထဲ နိုင်ငံရေးအကျဥ်းသားဟောင်းတွေနဲ့ နာမည်ကြီးအနုပညာရှင်တွေ မပါဝင်သေး​သလို အင်းစိနေထောင်မှာလည်း ပုဒ်မ ၅၀၅ နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်းခွင့်ပါဝင်မယ် မျှော်လင့်ချက်နဲ့ သက်ဆိုင်ရာ  မိသားစုတွေ လာရောက်စောင့်ဆိုင်းနေကြ ​တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013