DVB Logo
Home
မြန်မာသတင်း
ပြည်ပကုန်သွယ်မှု ၁၂ ရာခိုင်နှုန်း ကျဆင်း
DVB
·
February 13, 2022
ပြည်ပကုန်သွယ်မှု ၁၂ ရာခိုင်နှုန်း ကျဆင်း
Donate to DVB

၂၀၂၁−၂၀၂၂ကြားကာလ ဘတ်ဂျတ် ၄ လအတွင်း မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုပမာဏာဟာ ပြီးခဲ့တဲ့နှစ် ကာလတူ ကုန်သွယ်မှုနဲ့ ယှဥ်ရင် ၁၂ ရာခိုင်နှုန်း လျော့နည်းကျဆင်းနေတယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနက တရား၀င်ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်ကနေ ဖေဖော်၀ါရီ ၄ ရက် အထိ ၄ လကျော်ကာလအတွင်း ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၀၅၄ ဘီလီယံထိရှိခဲ့ပြီး၊ အခုနှစ် ကြားကာလ မီနီဘတ်ဂျတ် ၄လအတွင်း ကုန်သွယ်မှု ပမာဏက အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅၂၀ ဘီလီယံ သာ ကုန်သွယ်မှုရှိခဲ့တာကြောင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၃၃ ဘီလီယံ ကျော် လျော့ကျခဲ့ပါတယ်။

ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၅၅၀ကျော် လျော့ကျခဲ့သလို၊ သွင်းကုန်တန်ဖိုးကလည်း  အမေရိကန်ဒေါ်လာ သန်း ၉၈၀ ကျော် လျော့ကျခဲ့ပါတယ်။ ပင်လယ်ရေကြောင်းကုန်သွယ်မှု အနည်းငယ်ပြန်လည် အားကောင်းလာပေမဲ့ နယ်စပ်ကုန်သွယ်ရေးမှုက ယမန်နှစ်ကာလတူထက် ကန်ဒေါ်လာ ၂ ဒသမ ၀၇၃ဘီလီယံ ကျော် လျော့ ကျနေပါတယ်။

ထိုင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်မှုက ပြီးခဲ့တဲ့နှစ်ထက် မြင့်တက်နေပေမဲ့ အဓိကကုန်သွယ်ဖက် တရုတ် နိုင်ငံအပြင် ကျန်အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့်၊ လာအိုနိုင်ငံတို့နဲ့ ကုန်သွယ်မှုလည်း ကျဆင်း ခဲ့ပါတယ်။

အဲဒီထဲမှာ တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်မှုက ပြီးခဲ့တဲ့နှစ်ထက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၆၆ ဘီလီယံကျော်ထိ လျော့နည်းကျဆင်းခဲ့တာပါ။

မြန်မာနိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေထဲမှာ အဓိက အများဆုံး ကုန်သွယ်မှု ပြုလုပ်တဲ့ မူဆယ်ကုန်သွယ်ရေးစခန်းမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံကျော်ထိ ကျဆင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013