DVB Logo
Home
မြန်မာသတင်း
ထိုင်းဘက် တရားမဝင် ဝင်ရောက်သည့် မြန်မာ ၂၆၄ ဦး ဖမ်းဆီးခံရ
DVB
·
February 13, 2022
ထိုင်းဘက် တရားမဝင် ဝင်ရောက်သည့် မြန်မာ ၂၆၄ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့တဲ့ မြန်မာနိုင်ငံသား ၂၆၄ ယောက်ကို လမ်းပြ ၄ ယောက်နဲ့အတူ ကန်ချနဘူရီခရိုင်ထဲမှာ ဖမ်းမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ သူတို့ကို ခရိုင်တွင်းနေရာ ၄ ခုမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်တဲ့ အထူးတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာတော့ အမျိုးသား ၁၅၆ ယောက်နဲ့ အမျိုးသမီး ၁၀၈ ယောက်ပါဝင်ပြီး သူတို့ကို သက်ဆိုင်ရာက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်း ရှိ၊ မရှိ ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ချိန်မှာတော့ ထူးခြားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

သူတို့ကို စစ်ဆေးမေးမြန်းချိန်မှာတော့ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနဲ့ ရခိုင်ဒေသတွေကနေ ထိုင်းနိုင်ငံ၊ ဆမွတ်စာခွန်၊ ရာယောင်၊ ကန်ချနဘူရီနဲ့ ဘန်ကောက်စတဲ့ နေရာတွေမှာ အလုပ်လုပ်ကိုင်နိုင်ဖို့ တယောက်ကို ပွဲစားခဘတ် ၁၅,၀၀၀ ကနေ ၂၅,၀၀၀ ထိ ပေးခဲ့ကြရပြီး တချို့ကတော့ အလုပ်နေရာဆီရောက်မှ ပေးမယ်ဆိုတဲ့ ကတိကဝတ်တွေနဲ့ ခုလိုလာရောက်ခဲ့ကြတာလို့ ပြောပါတယ်။

လက်ရှိမှာတော့ သူတို့အားလုံးကိုရော လမ်းပြ ၄ ယောက်ကိုပါ ရဲစခန်းမှာ ဖမ်းဆီးထားပြီး ဉပဒေအရ စစ်ဆေးအရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့အတူ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် နယ်စပ်ကတဆင့် ထိုင်းနိုင်ငံဘက်ဆီ တရားမဝင် ခိုးဝင်လာတာတွေ ဆက်တိုက်ရှိနေပြီး သိပ်မကြာသေးခင်ကတော့ တရားမဝင် ဝင်ရောက်လာသူ ၈ သောင်းလောက်ထိ ဖမ်းဆီးနိုင်ခဲ့ပြီး အများစုကတော့ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ရွှေ့ပြောင်းလုပ်သား ကွန်ရက်က ပြောရေးဆိုခွင့်ရသူ အဒီဆွန် ကာ့ဒ်မွန်ခွန်က ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်းအိုချာကတော့ နိုင်ငံတွင်း စီးပွားရေးနာလံပြန်ထူနိုင်ဖို့ ခြိမ်း ခြောက်နေတဲ့ လုပ်သားအင်အားပြတ်လပ်မှုကို ဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေက လုပ်သားတွေ ထိုင်းနိုင်ငံတွင်း တရားဝင်အလုပ်လုပ်ခွင့်ရရှိနိုင်ဖို့ မှတ်ပုံတင်နိုင်ရေး ကြိုးပမ်းအားထုတ်ကြဖို့ ပြောထားပါတယ်။

ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ်(အက်ဖ်တီအိုင်)ကတော့ စက်မှုလက်မှုနဲ့ ထုတ်လုပ်ရေးလုပ်ငန်းခွင် အပါအဝင် ခရီးသွားလုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှ အရေးပေါ်ရွှေ့ပြောင်း အလုပ်သမား ၈ သိန်း လိုအပ်ချက်ရှိနေတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013