DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်ခေါင်းဆောင်များကို အရေးယူနိုင်ရေး ကြိုးပမ်းနေဟု CRYH ကိုယ်စားလှယ်များပြော
DVB
·
February 12, 2022
အကြမ်းဖက်စစ်ခေါင်းဆောင်များကို အရေးယူနိုင်ရေး ကြိုးပမ်းနေဟု CRYH ကိုယ်စားလှယ်များပြော
1 / 2
Donate to DVB

အကြမ်းဖက်လုပ်ရပ်တွေကျူးလွန်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေကို ဥပဒေနဲ့အညီအရေးယူနိုင်ဖို့ စဉ်ဆက်မပြတ်ကြိုးပမ်းနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ CRYH ကိုယ်စားလှယ်တွေက ပြောပါတယ်။

ဖေဖော်ဝါရီ  ၁၂ ရက် ဒီနေ့ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ နှစ်ပတ်လည်အခမ်းအနားအစီအစဉ်မှာ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

CRYH ကိုယ်စားလှယ် ဦးတင့်လွင်က “ပြည်သူများမျှော်မှန်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးမှာဆိုရင် ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများဟာ ဒေသဆိုင်ရာလွှတ်တော်တွေရဲ့ စောင့်ကြည့်ထိန်းညှိမှုအောက်မှာ မိမိတို့ဒေသအတွက် မိမိတို့ဘဏ္ဍာငွေများကို ရှာဖွေပြီးတော့ မိမိတို့ကိုယ်တိုင် စီမံခန့်ခွဲ သုံးစွဲကြရမှာဖြစ်ပြီး ဒေသတွင်းက ပြည်သူတွေရဲ့ နေ့စဉ်လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်ရေးကို ဒေသအလိုက် စီမံကိန်းများ ချမှတ်ပြီးတော့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။  ဥပဒေမဲ့ ဖိနှိပ်ရက်စက်မှုများကို မှတ်တမ်းတင်ဖို့ရယ်၊ နောင်မှာ ကျူးလွန်သူများကို ဥပဒေအတိုင်း ထုတ်ဖော်နိုင်ဖို့အပြင် ကူးပြောင်းရေးကာလ တရားမျှတမှုရှာဖွေရရှိရေးကို အစဉ်တစိုက် ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်အဖြစ် ရည်မှန်းချက်ထားဆောင်ရွက်ဖို့လည်းတိုက်တွန်းလိုပါတယ်” လို့ ပြောပါတယ်။

CRYH ဟာ နွေဦးတော်လှန်ရေးမှာ ကျဆုံးထိခိုက်သူတွေကို ထောက်ပံ့တာ၊ နိုင်ငံရေးအကျဉ်းသားတွေကို ဥပဒေအထောက်အကူပြုအဖွဲ့တွေ ဖွဲ့ပြီးတော့ အကူအညီပေးတာ၊ ထောင်ဝင်စာတွေ ပေးပို့တာ၊ မိသားစုတွေကို ထောက်ပံ့တာတွေကို ဆောင်ရွက်ခဲ့ပြီး  CDM ဝန်ထမ်းတွေကိုလည်း သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ချိတ်ဆက်ပြီး အကူအညီပေးတာတွေ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဆက်သွယ်ရေးနဲ့ ဘဏ္ဍာငွေရရှိရေးမှာ အခက်အခဲရှိခဲ့ပေမယ့် ပိုမိုကောင်းမွန်တဲ့ ထောက်ပံ့မှုတွေ ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ 

စစ်အာဏာသိမ်းပြီးရက်ပိုင်းအတွင်းမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေ စုစည်းပြီး ဖွဲ့စည်းခဲ့ပါတယ်။ 

ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ CRYH ကိုတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ အဖွဲ့ဝင် ၁၅ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့တာပါ။ 

လွှတ်တော်ကိုယ်စားပြုကော်မတီတွေကို တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ဖွဲ့စည်းခဲ့ပြီး လုံခြုံရေးနဲ့ အုပ်ချုပ်ရေးအတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပအဖ)တွေကိုလည်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထိန်းညှိမှုနဲ့ ဆက်လက်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013