DVB Logo
Home
မြန်မာသတင်း
ဧရာ၀တီတိုင်း တည်ငြိမ်အေးချမ်း၊ ကျေနပ်၀မ်းမြောက် အားကိုးရဟု အကြမ်းဖက်စစ်ခေါင်းဆောင် ပြော
DVB
·
February 9, 2023
ဧရာ၀တီတိုင်း တည်ငြိမ်အေးချမ်း၊ ကျေနပ်၀မ်းမြောက် အားကိုးရဟု အကြမ်းဖက်စစ်ခေါင်းဆောင် ပြော
1 / 2
Donate to DVB

ဧရာဝတီတိုင်းဟာ တည်ငြိမ်အေးချမ်းလို့ ဝမ်းမြောက်ဖွယ်ကောင်းပြီး  ဘက်ပေါင်းစုံ ကောင်းမွန် ကျေနပ်ဖွယ်ရာကောင်းလို့ အားကိုးအားထားရတဲ့ တိုင်းဒေသကြီးတစ်ခု ဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က  ပြောကြားလိုက်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးဟာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ တည်ငြိမ်အေးချမ်းရေးမှ အစပြုလို့ ဘက်ပေါင်းစုံမှာကောင်းမွန်တဲ့ အခြေအနေမှာရှိနေပြီး ကျေနပ်ဖွယ်ရာကောင်းတဲ့ မိမိတို့မြန်မာနိုင်ငံအတွက် အားကိုးအားထားရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၈  ပုသိမ်လေဆိပ် ဧည့်ခန်းမဆောင်မှာ  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေကို တွေ့ဆုံပြောခဲ့တာပါ။

ဒါ့အပြင် ဟိုင်းကြီးကျွန်းမြို့နဲ့ ငပုတောမြို့နယ်ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာလည်း ဧရာဝတီတိုင်းမှာ တည်ငြိမ်အေးချမ်းမှုရှိလို့ ဝမ်းမြောက်ပါကြောင်း တပ်မတော်၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူလူထုတို့ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကြမ်းဖက်မှုဖြစ်စဉ်တွေကို တိုက်ဖျက်နိုင်မယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ဇန်နဝါရီလ ၈ ရက်နေ့မှာ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်နဲ့ ငပုတောမြို့နယ်က Non - CDM ဝန်ထမ်းတွေကို ဟိုင်းကြီးကျွန်းက နယ်မြေခံရေတပ်စခန်းဌာနချုပ်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

“မင်းအောင်လှိုင် လာရောက်မယ်လို့ သတင်းထွက်ပြီးကတည်းက စည်ပင်နဲ့ ဌာနဆိုင်ရာအဖွဲ့တွေ တမြို့လုံးမှာရှိတဲ့ ဘုရားစေတီတွေကို သန့်ရှင်းရေးလုပ်ထားကြတာ။ သူ မပြန်ခင်ခင်မှာလည်း မြို့တွေ သန့်ရှင်းလှပမှ၊ ဘုရားတွေ သန့်ရှင်းမှ ခရီးသွားလုပ်ငန်းတွေ တိုးတက်လာလိမ့်မယ် ဆိုပြီး မှာကြားသွားသေးတယ်လို့" Non CDM တစ်ဦးက ပြောပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၇ ရက်မှာ ငပုတောမြို့နယ်နဲ့ ၈ ရက်နေ့မှာ ဟိုင်းကြီးကျွန်းမြို့ကို လာရောက်ခဲ့ပြီး ၂ ရက်ဆက်တိုက် လုံခြုံရေးအပြည့်ချထားကာ လျှပ်စစ်မီးတွေလည်း ၂၄ နာရီပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013