DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာ ဒုက္ခသည် ၈ သိန်း အထိတိုးလာဟု UNHCR ပြော
DVB
·
February 12, 2022
မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာ ဒုက္ခသည် ၈ သိန်း အထိတိုးလာဟု UNHCR ပြော
Donate to DVB

မြန်မာနိုင်ငံမှာ  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း နေရပ်စွန့်ခွာထွက်ပြေးရတဲ့  ဒုက္ခသည် အရေအတွက်က  နှစ်ဆတိုးလာခဲ့ပြီး လူဦးရေ ၈ သိန်းထိ ရောက်သွားပြီလို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR ကပြောပါတယ်။

UNHCR ပြောရေးဆိုခွင့်ရှိသူ မက်သရူးဆော့မတ်ရှ်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ  ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားတာဖြစ်ပြီး  ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ အနေနဲ့ မြန်မာနိုင်ငံက သိန်းနဲ့ချီတဲ့ ပြည်တွင်းနေရပ်စွန့်ခွာဒုက္ခသည် (IDP) တွေကိုကူညီဖို့ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

UNHCR အချက်အလက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး အသစ်ရွှေ့ပြောင်းနေထိုင်သူ ၄ သိန်း ၄ သောင်းလောက်ရှိပြီး အစောပိုင်းက အိုးအိမ်စွန့် ထွက်ပြေးရသူပေါင်း လက်ရှိအရေအတွက် ၃ သိန်း ၇ သောင်းကို ထပ်တိုးလာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက ကရင်ပြည်နယ်၊ ကယား၊ မွန်နဲ့ ရှမ်း(တောင်ပိုင်း) ပြည်နယ်တွေအပြင် ပဲခူးတိုင်းဒေသကြီး(အရှေ့)နဲ့ တနင်္သာရီတိုင်း ဒေသကြီးတို့မှာ အိုးမဲ့အိမ်မဲ့အသစ် ၄ သိန်း ၄ သောင်းကျော်ရဲ့ ထက်ဝက်ကျော် ရှိနေပါတယ်။

ကရင်နဲ့ ကယားပြည်နယ်တို့မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ အကြီးအကျယ် ဖြစ်ပေါ်နေတာကြောင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းရမှု အများဆုံးဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း စခန်းတွေ၊ ကျေးရွာတွေနဲ့ အိုးအိမ်စွန့်ခွာပြေးရတဲ့နေရာတွေက လူပေါင်း ၁၄၈,၀၀၀ လောက် အပါအဝင် နိုင်ငံမဲ့ ရိုဟင်ဂျာ ၆ သိန်းလောက်ဟာ အလွန်ထိခိုက်လွယ်တဲ့ အခြေအနေမှာ ရှိနေသေးပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေလည်း လိုအပ်နေပါသေးတယ်လို့ ဆိုပါတယ်။  

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013