DVB Logo
Home
မြန်မာသတင်း
အင်းစိန်ထောင်မှ အကျဉ်းသား ၉၀ ကျော် စတင်လွှတ်ပေး၊ နိုင်ငံရေးအကျဉ်းသား မပါဝင်သေး
DVB
·
February 12, 2022
အင်းစိန်ထောင်မှ အကျဉ်းသား ၉၀ ကျော် စတင်လွှတ်ပေး၊  နိုင်ငံရေးအကျဉ်းသား မပါဝင်သေး
1 / 15
Donate to DVB

ရန်ကုန် အင်းစိန်ထောင်တွင်းမှ အကျဉ်းသား အကျဉ်းသူ  ၉၆ ယောက်ကို ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲ  ၁၂ နာရီ ၅ မိနစ်လောက်က  ကနဦးလွှတ်ပေးခဲ့ပြီး ပြန်လွတ်လာတဲ့အထဲမှာ  အနုပညာရှင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေတော့ မပါဝင်သေးဘူးလို့  ထောင်ရှေ့မှာစောင့်နေကြတဲ့ မျက်မြင်တွေ့သူ တွေက ပြောပါတယ်။

ဒီနေ့လွှတ်ပေးခဲ့တဲ့ အကျဉ်းသားတွေထဲမှာ  အမျိုးသမီးအကျဉ်းသူတွေလည်း ပါဝင်ခဲ့ပြီး ဓားထိုးမှု၊ ခိုးမှု ၊ လောင်းကစားမှုစတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးခံရသူတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။

ထောင်တွင်းပြန်လည်လွတ်မြောက်လာသူတစ်ဦးက  "ဆေးသမားတွေလွှတ်ပေးတယ်တော့ မကြားဘူး။ ၉၆ ဦးပါ ။ ကျွန်တော်တို့ကို ကျောင်းကားအသေး ၄ စီးနဲ့ လွှတ်ပေးတာပါ"ဟု ပြောဆိုပါသည်။

လက်ရှိမှာ ထောင်တွင်းလွှတ်ပေးဖို့ ကားသုံးစီးကျန်ရှိသေးတယ်ဆို့တဲ့ သတင်းအရ ထောင်ရှေ့မှာ ဆက်လက်စောင့်ဆိုင်းနေကြသူတွေလည်းရှိပြီး  နိုင်ငံရေးအကျဉ်းသားတွေ ပါမပါကိုတော့ မသိရသေးပါဘူး။

ဒီမနက် ဖမ်းဆီးခံ အနုပညာရှင်တချို့ ပြန်လွတ်လာတယ်လို့ သတင်းတွေထွက်ခဲ့ပေမဲ့ အတည်ပြုနိုင် ခြင်းတော့ မရှိသေးသလို ပြန်လွတ်လာတာလည်း မတွေ့ရသေးပါဘူး။ 

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီးမှ ၈၁၄ ဦးကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ကြေညာပြီးနောက်  အင်းစိန်ထောင်အတွင်း အကျဉ်းကျခံနေရသူ ၉၆ ဦးလည်း ပြန်လည်လွတ်မြောက်လာခဲ့တာပါ။

Photo- MPA/DVB

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013