DVB Logo
Home
မြန်မာသတင်း
တန်းတူညီမျှမှုရှိသည့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး NUG ကတိပြု
DVB
·
February 12, 2022
တန်းတူညီမျှမှုရှိသည့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး NUG ကတိပြု
Donate to DVB

အနာဂတ်မှာ တိုင်းရင်းသားအားလုံး တန်းတူညီမျှမှုရှိတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ထောင်နိုင်ဖို့ကတိပြုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ  NUG ယာယီသမ္မတ ဒူဝါလရှီလက  ပြောကြားလိုက်ပါတယ်။

တောင်တန်းပြည်မ ပေါင်းစည်းနိုင်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အတူတကွ ပင်လုံစာချုပ် ချုပ်ဆိုခဲ့တဲ့ ၇၅ နှစ်ပြည့် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းနားကို NUG အစိုးရက ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက် မနက်မှာ အွန်လိုင်းကနေ ကျင်းပရာမှာ ပြောကြားခဲ့တာပါ။

အစိုးရအဆက်ဆက်က တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို ဖော်ဆောင်ပေးဖို့ ပျက်ကွက်ခဲ့ပြီး စစ်မှန်တဲ့ ပြည်ထောင်စုနေ့ကို ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းမရှိဘူးလို့လည်း ယာယီသမ္မတ ဒူဝါလရှီလက   ပြောပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဂမ်ရှောင်ကတော့ နိုင်ငံတော်အာဏာကို စစ်တပ်က သိမ်းယူပြီးနောက်ပိုင်းမှာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ အခွင့်အလမ်းလို့မှတ်ယူရမှာဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်လည်း လမ်းပွင့်နေပြီသလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံကို ဖျက်သိမ်းလိုက်ပြီဖြစ်လို့ နိုင်ငံရေးဆွေးနွေးပွဲအတွက်လည်း လမ်းပွင့်သွားပြီဖြစ်တယ်လို့ အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

အခု စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားဟာ ပင်လုံကတိကဝတ်တွေကို ရည်မျှော်ပြီး ပြလုပ်တာကြောင့် စစ်မှန်တဲ့ ပြည်ထာင်စုနေ့နဲ့ ကိုက်ညီတယ်လို့ပြောဆိုရမှာဖြစ်ပြီး ပင်လုံကတိကဝတ်တွေကိုလည်း လက်တွေ့အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အဲဒီကတိကဝတ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရက ဦးဆောင် လုပ်ဆောင်ရမှာဖြစ်ပြီး တိုင်းရင်းသားလူမျိုးအားလုံးကလည်း ပူးပေါင်းပါဝင်ဖို့လိုတယ်လို့ KIO ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဂမ်ရှောင်က ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကလည်း  အာဏာရှင်စနစ် အပြီးတိုင် ပပျောက်ပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံတဲ့ ဖက်ဒရယ်ဒီမို ကရေစီ ပြည်ထောင်စုတစ်ရပ် ပေါ်ပေါက်လာဖို့ ကတိပြုတယ်လို့ ဒီနေ့ကျရောက်တဲ့ ၇၅ နှစ်ပြည့် စိန်ရတု ပြည်ထောင်စုနေ့ကိုပေးပို့တဲ့ သဝဏ်လွှာမှာ ရေးသားဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013