DVB Logo
Home
မြန်မာသတင်း
CHID ဘဏ်က အိမ်ရာချေးငွေ အတိုးနှုန်းတိုးမြှင့်ပြီး ချေးငွေသက်တမ်းလျှော့ချ
DVB
·
February 11, 2022
CHID ဘဏ်က အိမ်ရာချေးငွေ အတိုးနှုန်းတိုးမြှင့်ပြီး ချေးငွေသက်တမ်းလျှော့ချ
Donate to DVB

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက အိမ်ရာစီမံကိန်းတိုက်ခန်းတွေကို ချေးငွေစနစ်နဲ့ ရောင်းချရာမှာ အတိုးနှုန်း တိုးမြှင့်လိုက်ပြီး၊ ချေးငွေသက်တမ်းကိုလည်း လျှော့ချလိုက်တယ်လို့ အိမ်ယာ၀ယ်ယူသူတွေထံက သိရပါတယ်။

အရင်အရပ်သားအစိုးရလက်ထက်က JICA ODA Loan ချေးငွေနဲ့ အိမ်ရာတွေ ရောင်းချပေးရာမှာ အတိုးနှုန်း ၅ ဒသမ ၅ ရာခိုင်နှုန်း၊ ချေးငွေသက်တမ်းကို ၈ နှစ်ကနေ ၁၅ နှစ်အထိ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီ တာ၀န်ယူထားတဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာလည်း ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ယုဇန(အပိုင်း(၄)အိမ်ရာစီမံကိန်းက တိုက်ခန်းတွေကို ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက် အအုံဖွံ့ဖြိုး ရေးဘဏ်(CHID Bank)  ဘဏ်ရဲ့ သီးခြားချေးငွေစနစ်နဲ့ down payment ၅၀ ရာခိုင်နှုန်း၊ အတိုးနှုန်း ၁၀ ရာခိုင်နှုန်းနဲ့ ရောင်းချပေးခဲ့တာပါ။

အခုအခါမှာတော့ အတိုးနှုန်းကို  ၁၂ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ပြီး၊ ချေးငွေပြန်ဆပ်ကာလကိုလည်း ၁၀နှစ် အထိ လျော့ချလိုက်တယ်လို့  အိမ်ယာ၀ယ်ယူခွင့် လျှောက်ထားသူတွေထံက သိရပါတယ်။

 “အရင်ကတော့ ဂျပန်ချေးငွေနဲ့၊ အခုကျတော့ဘဏ်ရဲ့ ကိုယ်ပိုင်ငွေနဲ့ ချေးငွေ ချပေးတာဆိုပြီးတော့ အတိုးနှုန်းက ၁၂ နှုန်း၊ ပြန်ဆပ်ရမယ့် ကာလက အရင် ၁၅ နှစ်ကနေ အခု ၁၀ နှစ်ပြီး လျှော့လိုက်တယ်၊ ဒါတောင် ချေးငွေက လျှောက်တဲ့သူတိုင်း မရတော့ဘူး။ လုပ်ရမှာတွေလည်း ထပ်တိုးလာတယ်။ ဘဏ်အကောင့်မှာ တစ်နှစ်စာ deposit ၊ကျန်းမာရေး အာမခံကြေး တစ်နှစ်စာ အဲဒါတွေ သွင်းထားရဦးမယ်” လို့ အိမ်ယာဝယ်ယူခွင့် လျှောက် ထားသူတစ်ဦးက ဆိုပါတယ်။

အရင်အရပ်သား အစိုးရလက်ထက်က တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာတွေကို အတိုးနှုန်းသက်သာတဲ့ JICAချေးငွေနဲ့ CHID Bank မှာ အိမ်ရာစုဆောင်းငွေ အနည်းဆုံး ကျပ်သိန်း ၃၀ ပြည့်မီသူတွေထဲက မဲနှိုက်ရွေးချယ်ပြီး ကျန် ၇၀ ရာခိုင်နှုန်းကို ၈ နှစ်နေ ၁၅ နှစ်အထိ လစဥ်အရစ်ကျစနစ်နဲ့ ၀ယ်ယူခွင့်ရရှိသူတွေကို ရောင်းချပေးခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ အဆိုပါဌာနအနေနဲ့ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်၊ အောင်မြင့်မိုရ်အိမ်ရာက အခန်းတွေကို လက်ငင်းငွေအကျေစနစ်နဲ့ ရောင်းချပေးမယ်လို့   ကြေညာထားပါတယ်။

လာမယ့်ဖေဖော်၀ါရီ ၁၄ ရက်မှ ၂၅ ရက်အထိ ဦးရာလူ၊ လက်ငင်းငွေအကျေစနစ်နဲ့ တိုက်ခန်းတွေကို ရောင်းချပေးမယ်လို့ ယင်းဌာနက ကြေညာထားတာပါ။

“ပြောတော့ ဖေဖော်၀ါရီ ၁၄ ရက်စရောင်းမယ်ဆိုပြီး၊ အခန်းကရောင်းလို့ တစ်၀က်ကုန်နေပြီ၊ ခေတ်ပျက်၊ စနစ်ပျက်ဆိုတော့ လက်လုပ်လက်စားတွေ အတွက် အိမ်ရာက မျှော်တိုင်းဝေးနေပြီ၊ အရင်က ဘဏ်စုငွေ ပြည့်တဲ့လူတွေကို မဲနှိုက်ပြီး အရစ်ကျနဲ့ ရောင်းပေးတာ၊ အခု အငွေအကျေချေနိုင်မှ ဆိုတော့ ဘဏ်မှာငွေစုထားတဲ့ သူတွေက ဘာဆက်လုပ်ရမလဲ မသိတော့ဘူး။ အိမ်ရာချေးငွေရဖို့ကလဲ အရင်လောက် မလွယ်တော့ဘူး။  ဘဏ်ငွေတွေ ပြန်ထုတ်ရင်လဲ အလီလီ ပြန်ထုတ်နေရမှာဆိုတော့ အပြင်ကနေ အတိုးကြီးကြီးနဲ့ယူပြီး  ငွေအကျစနစ်နဲ့ ၀ယ်ရမယ့် အနေအထား ဖြစ်နေပြီလို့”တိုက်ခန်း လစဥ်အရစ်ကျစနစ်နဲ့ ၀ယ်ယူဖို့ ဘဏ်မှာငွေသွင်း ထားသူတစ်ဦးက ဆိုပါတယ်။

ရောင်းချပေးမယ့် အောင်မြင့်မိုရ်အိမ်ရာစီမံကိန်း တိုက်ခန်းတွေရဲ့ အခန်းတန်ဖိုးတွေကတော့ အထပ်နဲ့ အကျယ်အ၀န်းအပေါ်မှာ မူတည်ပြီး ကျပ် ၁၀၆ သိန်းကနေ ၄၅၆သိန်း အထိ အဲဒီဌာနက သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013