DVB Logo
Home
နိုင်ငံတကာ
မပြီးသေးသည့် အိမ်ရာများအတွက် တရုတ်အစိုးရက ချေးငွေ ၂ ဆတိုးပေးမည်
DVB
·
October 17, 2024
မပြီးသေးသည့် အိမ်ရာများအတွက် တရုတ်အစိုးရက ချေးငွေ ၂ ဆတိုးပေးမည်
Donate to DVB

အပြီးမသတ်သေးတဲ့ အိမ်တွေ၊ အိမ်ရာတွေနဲ့ အိမ်ခြံမြေစျေးကွက်ကျဆင်းမှုကို ထောက် 'မ' ပေးနိုင်ဖို့  "White-list" စာရင်းဝင်အိမ်ခြံမြေစီမံကိန်းတွေအတွက် တရုတ်က ချေးငွေခွဲတမ်းကို ၂ ဆတိုးပြီး ၄ ထရီလီယံယွမ် (ဒေါ်လာ ၅၆၂ ဘီလီယံ)အထိ တိုးပေးမှာဖြစ်တယ်လို့ ကြေညာ လိုက်ပါတယ်။

အစိုးရက ဒီလိုမျိုး ချေးငွေတိုးပေးမယ် ကြေညာလိုက်ပေမဲ့ စျေးကွက်က မျှော်လင့်ထားတဲ့ ပမာဏအထိ မရောက်တဲ့အတွက်  ဟောင်ကောင်အိမ်ခြံမြေ စတော့စျေးတွေ ၈ ရာခိုင်နှုန်းကျော် ကျသွားခဲ့တယ်လို့ Bloomberg သတင်းဌာနက ဖော်ပြပါတယ်။ 

မူဝါဒချမှတ်သူတွေဟာ တရုတ်အိမ်ခြံမြေစျေးကွက်နဲ့ ပတ်သက်ပြီး လက်တွေ့ကျတဲ့ ချဉ်းကပ်မှုကို ကျင့်သုံးနေပြီး စီးပွားရေးတိုးတက်မှုအတွက် မောင်းနှင်အားအဖြစ် မသတ်မှတ်ထားသလို၊ ဆွဲချမဲ့အရာလို့လည်း မယူဆထားဘူးလို့ Greater China at Jones Lang LaSalle Inc.  က စီးပွားရေးပညာရှင် ဘရုစ်ပန်က သုံးသပ်ပါတယ်။

ရောင်းပြီးပေမဲ့ အပြီးမသတ်နိုင်သေးတဲ့အိမ်ရာ ၄၈ သန်းလောက်  အပြီးသတ်နိုင်ဖို့ အစိုးရရဲ့ တိုက်ရိုက်ပံ့ပိုးမှု ၃ ထရီလီယံ ယွမ်အထိ လိုတယ်လို့ ခန့်မှန်းထားကြပါတယ်။

တရုတ်အိမ်ခြံမြေစျေးကွက်ဟာ ဒီထက် ထပ်ကျစရာမရှိတော့ဘူးလို့ အစိုးရက ယူဆထားတယ်လို့ အိမ်ရာရေးရာဝန်ကြီးနိဟောင်က ဆိုပါတယ်။ 

အသုံးမပြုတဲ့ မြေတွေကို ဘဏ်တွေက ဝယ်ဖို့ ခွင့်ပြုဖို့ သင့်၊ မသင့်နဲ့ ကလေးနှစ်ယောက်ရှိတဲ့  မိသားစုတွေအတွက် တန်ဖိုးသင့်အိမ်ရာ တိုးပေးဖို့ သင့်၊ မသင့် အစိုးရက ချိန်ဆနေတယ်လို့လည်း ပြောပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013