DVB Logo
Home
မြန်မာသတင်း
ဘဏ်အပ်ငွေအတိုးနှုန်းများ ပြင်ဆင်ကြောင်း မြန်မာ့စီးပွားရေးဘဏ်ကြေညာ 
DVB
·
September 24, 2024
ဘဏ်အပ်ငွေအတိုးနှုန်းများ ပြင်ဆင်ကြောင်း မြန်မာ့စီးပွားရေးဘဏ်ကြေညာ 
Donate to DVB

စက်တင်ဘာ ၁ ရက်ကစပြီး ပြင်ဆင်လိုက်တဲ့ အတိုးနှုန်းတွေကို စစ်ကောင်စီလက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်က ကြေညာလိုက်ပြီး ငွေစုဘဏ်အပ်ငွေအတွက် အတိုးနှုန်း ၉ ရာခိုင်နှုန်း၊ ငွေစုလက်မှတ်အပ်ငွေအတွက် ၁၀ ရာခိုင်နှုန်းနဲ့ စာရင်းသေအပ်ငွေအတွက် တနှစ်အပ်ငွေအတိုးနှုန်း ၁၁ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးထားပါတယ်။

ဩဂုတ် ၁၄ ရက်မှာ ဗဟိုဘဏ်က အတိုးနှုန်းကို ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက်ပြီးနောက် ဘဏ်တွေအနေနဲ့လည်း အပ်ငွေအပေါ်ပေးရမယ့် အနည်းဆုံးအတိုးနှုန်းကို ၇ ရာခိုင်နှုန်းနဲ့ ချေးငွေအားလုံးအတွက် ကောက်ခံနိုင်တဲ့ အများဆုံး အတိုးနှုန်းကို ၁၅ ရာခိုင်နှုန်း သတ်မှတ်ဖို့ ညွှန်ကြားခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်း ပုဂ္ဂလိကဘဏ်တွေအပြင် နိုင်ငံပိုင် ဘဏ်တွေပါ အတိုးနှုန်းတွေ တိုးမြှင့် သတ်မှတ်လာကြရာ မြန်မာ့စီးပွားရေးဘဏ်ကလည်း အခုလို ပြင်ဆင်လိုက်တာဖြစ်ပါတယ်။

မြန်မာ့စီးပွားရေးဘဏ်ဟာ ဝန်ထမ်းလစာ၊ ပင်စင်လစာတွေနဲ့ အစိုးရဌာနတွေ ငွေကြေးလည်ပတ်မှု အတွက် အဓိကအားထားရတဲ့ နိုင်ငံဘဏ်ဖြစ်ပြီး နိုင်ငံတဝန်း ဘဏ်ခွဲပေါင်း ၃၁၅ ခုအထိ ဖွင့်လှစ်ထားပါတယ်။

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံပိုင်ဘဏ်တွေဖြစ်တဲ့ MFTB နဲ့ MICB ဘဏ်တွေကို အမေရိကန်က အရေးယူပိတ်ဆို့အပြီးမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားငွေပေးငွေယူကိစ္စတွေအတွက် မြန်မာ့စီးပွားရေးဘဏ်ကို ပြောင်းလဲအသုံးပြုနိုင်ခြေရှိတယ်လို့ ပြည်တွင်း၊ ပြည်ပ  အရပ်ဖက်အဖွဲ့တွေက ဆိုထားပြီး အရေးယူပိတ်ဆို့ဖို့ နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013