DVB Logo
Home
မြန်မာသတင်း
ပုဂ္ဂလိကဘဏ်များ၏ ငွေစုဘဏ်အပ်ငွေ အတိုးနှုန်းအသစ်များ (DATA Story) 
DVB
·
September 3, 2024
ပုဂ္ဂလိကဘဏ်များ၏ ငွေစုဘဏ်အပ်ငွေ အတိုးနှုန်းအသစ်များ (DATA Story) 
Donate to DVB

ဩဂုတ် ၁၄ ရက်မှာ ဗဟိုဘဏ်က အတိုးနှုန်းကို  ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက်ပြီးနောက် ဘဏ်တွေက အပ်ငွေအပေါ်ပေးရမယ့် အနည်းဆုံးအတိုးနှုန်းကို ၇ ရာခိုင်နှုန်းနဲ့ ချေးငွေအားလုံးအတွက် ကောက်ခံနိုင်တဲ့ အများဆုံး အတိုးနှုန်းကို ၁၅ ရာခိုင်နှုန်း သတ်မှတ်လိုက်ရာ စက်တင်ဘာ ၁ ရက်ကစပြီး ပုဂ္ဂလိကဘဏ်တွေလည်း အပ်ငွေတွေအပေါ် အတိုးနှုန်း ပြောင်းလဲသတ်မှတ်လာကြပါတယ်။

လက်ရှိမှာ ပုဂ္ဂလိကဘဏ်တွေအနေနဲ့ အပ်ငွေစာရင်းအမျိုးအစားကို ပုံစံအမျိုးမျိုးနဲ့ ဝန်ဆောင်မှုပေးနေပြီး ရရှိမယ့် အတိုးနှုန်းတွေကလည်း အပ်ငွေစာရင်း အမျိုးအစားပေါ် မူတည်ပြီး ကွဲပြားကြပါတယ်။

ပုဂ္ဂလိကဘဏ်တွေရဲ့ စက်တင်ဘာ ၁ ရက်ကစပြီး သတ်မှတ်လိုက်တဲ့ ငွေစုဘဏ်အပ်ငွေစာရင်း (Savings Deposit) အပေါ် ပေးအပ်မယ့် အတိုးနှုန်းတွေကို လေ့လာကြည့်ရာမှာ UAB ဘဏ်က အပ်ငွေပေါ် မူတည်ပြီး တနှစ်ကို အများဆုံး ၁၀ ဒသမ ၅ ရာခိုင်နှုန်းထိ တိုးမြှင့်သတ်မှတ်ထားတာကို တွေ့ရပါတယ်။

ဒါဟာ ပြည်တွင်းက တခြားပုဂ္ဂလိက ဘဏ်တွေနဲ့ ယှဉ်ရင်အမြင့်ဆုံးပေးတဲ့ အတိုးနှုန်းဖြစ်နေပြီး သုံးစွဲသူများတဲ့ ကမ္ဘောဇဘဏ်၊ CB ဘဏ်နဲ့ ဧရာဝတီဘဏ်တွေကတော့ ၁၀ ရာခိုင်နှုန်းထိ ပြင်ဆင်တိုးမြှင့်လိုက်ကြောင်း ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013