DVB Logo
Home
မြန်မာသတင်း
ပုသိမ်တွင် နိုင်ငံရေးသမားများထံမှ ဖမ်းဆီးထားသည့် ဆိုင်ကယ်များကို ရဲနှင့်ကညနက ရောင်းစား
DVB
·
February 11, 2022
ပုသိမ်တွင် နိုင်ငံရေးသမားများထံမှ ဖမ်းဆီးထားသည့် ဆိုင်ကယ်များကို  ရဲနှင့်ကညနက ရောင်းစား
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲဝန်ထမ်းတွေနဲ့ ကညနဝန်ထမ်းတွေ ပေါင်းပြီး ဖမ်းဆီးခံရတဲ့ နိုင်ငံရေးသမားတွေရဲ့ ဆိုင်ကယ်တွေကို အောက်ဈေးနဲ့ပြန်ရောင်းစားနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။ 

စစ်တပ်အာဏာသိမ်ပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြချိန်မှာ ဆိုင်ကယ်တွေနဲ့ အတူ ဖမ်းဆီးခံရသူတွေရဲ့ ဆိုင်ကယ်တွေကို လိုင်စင်ပြန်လုပ်ပြီး ရောင်းစားနေတာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။

“ရဲတွေကိုယ်တိုင်အရပ်ဝတ်နဲ့ အဲ့ဆိုင်ကယ်တွေကို လိုင်စင်ဝင်တာ တစ်ခါဝင်ရင် အနည်းဆုံး ၁၀ စီး ရောင်းတာကတော့ ပွဲစားကနေတဆင့်ပြန်ရောင်းစားတာ။ ရလာတာကို ရဲနဲ့ ကညန ခွဲယူတာ စစ်တပ်ကမပါဘူး”လို့ ပြောပါတယ်။

ပုသိမ်မြို့ပေါ်ရဲစခန်းတွေဖြစ်တဲ့ မြို့မရဲစခန်းနဲ့ နယ်မြေရဲစခန်းမှာ မတရားဖမ်းဆီးခံရတဲ့ နိုင်ငံရေးသမားတွေရဲ့ ဆိုင်ကယ် အစီးရေ ၁၀၀ ကျော်ထိရှိပြီး အဲဒီဆိုင်ကယ်တွေကို ရောင်းစားနေတာလို့ ဆိုပါတယ်။ 

ဖမ်းဆီးထားတဲ့ ကားတွေကိုတော့ ရဲတွေနဲ့ သတင်းပေးတွေက ညပိုင်းကင်းလှည့်တာတွေနဲ့ အရပ်ဝတ်နဲ့ ဖမ်းဆီးတဲ့နေရာတွေမှာ ပြန်သုံးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013