DVB Logo
Home
မြန်မာသတင်း
သာဓုကန်စက်မှုဇုန်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ ဗုံးပစ်လောင်ချာဖြင့် တိုက်ခိုက်ခံရ
DVB
·
February 11, 2022
သာဓုကန်စက်မှုဇုန်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့  ဗုံးပစ်လောင်ချာဖြင့် တိုက်ခိုက်ခံရ
Donate to DVB

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဖေဖော်ဝါရီ ၁၁ ရက် မနက် ၅ နာရီ ၂၀ ခန့်က ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

မနက်အစောကြီး ၅ နာရီကျော်လောက်က ပေါက်ကွဲသံ ၂ ချက်ကြားရပြီး သာဓုကန်က စစ်တပ်အဖွဲ့ကို လောင်ချာနဲ့ ပစ်တာလို့  ဆိုပါတယ်။

တိုက်ခိုက်မှုကို Area 21 ရဲ့ မဟာမိတ်အဖွဲ့တွေ ဖြစ်တဲ့ Yangon Federal Army - Y.F.A နဲ့ CGF-YGN အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Yagon Federal Army-Y.F.A က ထုတ်ပြန်ထားပါတယ်။

မနက်က ရွှေပြည်သာ သာဓုကန် ဗျူဟာမှူး အိမ်ရာဝန်းကို M 79   40 mm ဗုံးသီးပစ်လောင်ချာနဲ့ ၂ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂၀ လောက် သေဆုံးနိုင်ပြီး အဆိုပါ စစ်ဆင်ရေးမှာ စစ်ဒေသကွပ်ကဲရေးအဖွဲ့ရဲ့ ပျံလွှားအောင် စစ်ဆင်ရေး တစ်စိတ်တပိုင်းသာ ဖြစ်ပြီး စစ်အာဏာရှင် အမြစ်ပြတ်တဲ့အထိ တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ဆိုပါတယ်။

သာဓုကန် တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး  စစ်ကောင်စီဘက်က သေဆုံး ထိခိုက်မှုအခြေအနေကို DVB အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013