DVB Logo
Home
မြန်မာသတင်း
ပလက်ဝမြို့နယ် ဆမီးမြို့ပေါ်တွင် ဗုံး ၂ လုံးပေါက်ကွဲ
DVB
·
February 11, 2022
ပလက်ဝမြို့နယ် ဆမီးမြို့ပေါ်တွင် ဗုံး ၂ လုံးပေါက်ကွဲ
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲမှာရှိတဲ့ ဆမီးမြို့ပေါ် နေရာနှစ်ခုမှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မနက်ပိုင်းက ဗုံး ၂ လုံးပေါက်ကွဲခဲ့ပါတယ်။ 

ဆမီးမြို့က အထက ကျောင်းနဲ့ မြို့လယ်မှာရှိတဲ့ လမ်းဆုံနေရာမှာ ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလိုပေါက်ကွဲခဲ့ပြီး နာရီဝက်အတွင်း စစ်ကောင်စီဘက်က လာရောက်စစ်ဆေးနေတာကြောင့် ပြည်သူတွေ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ပေါက်ကွဲခဲ့တဲ့နေရာတွေဟာ စစ်ကောင်စီဘက်က လှုပ်ရှားသွားလာတဲ့နေရာတွေဖြစ်ပြီး ဗုံးပေါက်ကွဲတဲ့ဖြစ်စဉ်မှာ ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘူးလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ AA တပ်ဖွဲ့တွေကြား ပလက်ဝမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံပြည်သူ ၁ သောင်းကျော်လောက်ဟာ နီးစပ်ရာမြို့တွေဖြစ်တဲ့ ဆမီးမြို့ပေါ်ကိုလည်း ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသကာကွယ်ရေးတပ်ဖွဲ CDF-Paletwa အဖွဲ့ ပေါ်ပေါက်လာပြီး စစ်တပ်နဲ့ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာတာကြောင့် လူဦးရေ ၆၀၀ ကျော်လောက်က အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013