DVB Logo
Home
မြန်မာသတင်း
ချင်းအဆိုတော် ၃ ဦးပါဝင်သည့် Guys From Chin အဖွဲ့ ရန်ပုံငွေဖျော်ဖြေပွဲ ကျင်းပမည်
DVB
·
February 10, 2022
ချင်းအဆိုတော် ၃ ဦးပါဝင်သည့် Guys From Chin အဖွဲ့ ရန်ပုံငွေဖျော်ဖြေပွဲ ကျင်းပမည်
Donate to DVB

နာမည်ကြီး ချင်းတိုင်းရင်းသားအဆိုတော် ၃ ဦးပါဝင်ဖွဲ့စည်းထားတဲ့ Guys From Chin အဖွဲ့က မြန်မာပြည်အတွင်း ခက်ခဲတဲ့နေရာ၊ လိုအပ်တဲ့နေရာတွေအတွက် ထောက်ပံ့ကူညီ ပေးနိုင်ဖို့ ရန်ပုံငွေဖျော်ဖြေပွဲတခု ကျင်းပသွားဖို့ ရှိနေပါတယ်။

Guys From Chin အဖွဲ့ထဲမှာတော့ အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲရဲ့ Winner ဆုရှင် အဆိုတော် David Lai ၊ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲနဲ့ နာမည်ကြီးလာခဲ့တဲ့ အဆိုတော် Benjamin Sum နဲ့ နာမည်ကြီး ချင်းအဆိုတော် P Thawng Bawi တို့ ၃ ယောက် ပါဝင်ကာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်မှာ ဖွဲ့စည်းခဲ့တာပါ။

လတ်တလောမှာတော့ သူတို့ ၃ ယောက်လုံးဟာ စစ်အာဏာသိမ်းပြီးချိန်က စတင်ပြီး မြန် မာတဘက်ခြမ်း အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Guys From Chin အဖွဲ့ဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ကာဗာသီ ချင်းတွေ သီဆိုဖျော်ဖြေပြီး ပရိသတ်တွေအတွက် မျှဝေပေးနေတာကို တွေ့ရပါတယ်။

သူတို့အဖွဲ့ရဲ့ ရန်ပုံငွေဖျော်ဖြေပွဲကိုတော့ လာမယ့် ဖေဖော်ဝါရီ ၁၃ ရက် မြန်မာစံတော်ချိန် မနက် ၇ နာရီမှာ Vaurawng Zuunthil - Vaan ralvennak ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်က နေ တိုက်ရိုက်လိုက်ဖ်ဖျော်ဖြေသွားကြမှာဖြစ်လို့ နားဆင်ကြရင်း လှူဒါန်းနိုင်ဖို့ နှိုးဆော် ထားပါတယ်။

“အားလုံးချစ်တဲ့ P Thawng Bawi, David Lai, Benjamin Sum တို့ 😍သီချင်းတွေ အ များကြီးနဲ့ Facebook ကနေ live ဖျော်ဖြေမှာဖြစ်ပါတယ်။ အလှူငွေအများကြီးရနိုင်ဖို့ အဲ့ဒီနေ့မှာ စောင့်ဆိုင်းနားဆင်ပေးခြင်း၊ လှူတန်းခြင်း၊ like and share လုပ်ပေးခြင်းဖြင့် တတ်နိုင်တဲ့ဖက်က ပါဝင်ကြဖို့ တိုက်တွန်းလိုပါတယ်။ အခုတလော ကျနော်တို့အဖွဲ့တင်တဲ့ cover လေးတွေကိုလည်း ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အခုတည်းက gofundme ကနေလှုလို့ရပါပြီ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013