DVB Logo
Home
မြန်မာသတင်း
RCSS (၁၉၈) တပ်မဟာမှူး၊ တပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိဟု SSPP ပြော
DVB
·
February 10, 2022
RCSS (၁၉၈) တပ်မဟာမှူး၊ တပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိဟု SSPP ပြော
Donate to DVB

ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့နယ်မှာ  ဖေဖော်ဝါရီ ၈ ရက် မနက်ပိုင်းက SSPP/SSA နဲ့ RCSS/SSA တို့ တိုက်ပွဲဖြစ်ခဲ့ပြီး RCSS ၁၉၈ တပ်မဟာမှူးအပါအဝင် တပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က ဒီဗွီဘီသတင်းဌာနကို ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ဟာ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း နေရာအတော်များများမှာ တိုက်ပွဲဖြစ်နေပြီး RCSS တပ်မဟာမှူးဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး တိတိကျကျ သတင်းမရသေးဘူလို့ RCSS ပြောခွင့်ရသူ ဗိုလ်မှူးခမ်းစံက ဆိုပါတယ်။

နှစ်ဖက်အင်အား အများအပြားနဲ့ ရပ်စောက်မြို့နယ် ကျောက်ဂူတိုက်နယ်အတွင်းမှာ ဖေဖော်ဝါရီလ ၈ ရက်နေ့နဲ့ ၉ ရက်နေ့တွေမှာ တိုက်ပွဲပြင်ထန်ခဲ့ပြီး ဒီကနေ့အထိ ဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၉ ရက်နေ့က ရှမ်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၂ ဖွဲ့ဖြစ်ပွားခဲ့တဲ့ ကျောက်ဂူတိုက်နယ်က တိုက်ပွဲအတွင်းမှာ အာဏာသိမ်းစစ်ကောင်စီက လေယာဉ် ၂ စီး နဲ့ ဗုံး ၈ လုံးခန့် ကြဲချခဲ့တာကြောင့် SSPP/SSA ဘက်က တပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။

အခုလို စစ်ကောင်စီက ကြားကနေ ဝင်ရောက် ဗုံးကြဲတိုက်ခိုက်တဲ့အပေါ် ဘယ်အဖွဲ့ဘက်က ကူညီတိုက်ခိုက်ပေးနေသလဲဆိုတာနဲ့ပတ်သက်ပြီး ရှမ်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၂ ဖွဲ့ကြားမှာ အပြန်အလှန် စွပ်စွဲပြောဆိုမှုတွေရှိနေပါတယ်။

SSPP က ဆက်လက် နယ်မြေရှင်းလင်းစဉ် ရှမ်းတော်လှန်ရေးနှစ်ဖွဲ့ကြား ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး ပြည်သူပိုင်အဆောက်အဦအချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်ဟာ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းကို ဆက်သွယ်ထားသော ကားလမ်းပေါ် တည်ရှိပြီး အဆိုပါ လမ်းမကြီးပေါ်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံတွေ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013