DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးမင်းသား အကယ်ဒမီ မင်းမော်ကွန်း နှင်းဆီအငြိမ့်အဖွဲ့မှ နုတ်ထွက်
DVB
·
February 10, 2022
တော်လှန်ရေးမင်းသား အကယ်ဒမီ မင်းမော်ကွန်း နှင်းဆီအငြိမ့်အဖွဲ့မှ နုတ်ထွက်
Donate to DVB

နွေဦးတော်လှန်ရေးမင်းသားတလက်အနေနဲ့ ပရိသတ်တွေ ချစ်ခင်လေးစားကြတဲ့ သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းဟာ နှင်းဆီအငြိမ့်အဖွဲ့ကနေ နုတ်ထွက်လိုက်ပြီလို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး မင်းမော်ကွန်းရဲ့ မိတ်ဆွေတယောက်ဖြစ်တဲ့ ကိုရဲမင်း (AAC) က “ကိုကျော် (မင်းမော်ကွန်း) နှင်းဆီအဖွဲ့က နုတ်ထွက်လိုက်တာ သတင်းအမှန်ပါ။ ရပ်တည်ချက်၊ ခံယူချက် မတူသူတွေနဲ့ လမ်းခွဲလိုက်တာဖြစ်ပြီး အနုပညာအလုပ်တွေ အတူလုပ်ခဲ့ကြတာ မမေ့ပါဘူး။ ချစ်ခြင်း၊ မုန်းခြင်း မပါဘူးလို့ ကိုကျော်က ပြောပါတယ်”လို့ ဖေ့စ် ဘွတ်ခ်လူမှုကွန်ရက်ပေါ် ရေးသားမျှဝေထားခဲ့တာပါ။

မင်းမော်ကွန်းဟာ စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းကာလ စတင်ချိန်ကတည်းက ပြည်သူတွေနဲ့ တသားတည်းရပ်တည်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တဲ့ အနုပညာရှင်တယောက်ဖြစ်ပြီး ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ခံထားရသူလည်းဖြစ်ကာ လက်နက်ကိုင်နယ်မြေတခုကနေ စစ်အာဏာရှင်ကို ဆက်လက် ဆန့်ကျင်နေခဲ့တာ ဖြစ်ပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) စီစဉ်ပြီး နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ ထွန်းထွန်းနဲ့ အဆိုတော် ရဲလေးတို့က ပင်တိုင်ပါဝင်တင်ဆက်ခဲ့တဲ့ နှင်းဆီအငြိမ့်အဖွဲ့ကို ၂၀၀၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး အချိန် ၁၅ နှစ်လောက်အတွင်းမှာ ပရဟိတရန်ပုံငွေပွဲ ပေါင်းများစွာ တင်ဆက်ခဲ့ဖူးပါတယ်။

လက်ရှိမှာတော့ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့နေရာမှာ အနုပညာရှင်တွေရော ပြည်သူတွေပါ တသားတည်းရပ်တည်ပြီးတော့ ပါဝင်နေကြချိန်မှာ မင်းမော်ကွန်းကလွဲလို့ ကျန်တဲ့ နှင်းဆီအဖွဲ့သားတွေ မပါဝင်လာတဲ့အပေါ် ပရိသတ်တွေက  အားမလိုအားမရ ဖြစ်နေခဲ့ကြချိန်မှာပဲ သူက နုတ်ထွက်လိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013