DVB Logo
Home
မြန်မာသတင်း
မင်းကင်းမြို့နယ် စနဗျင်းရွာရှိ စစ်ကောင်စီတပ်ကို PDF အဖွဲ့ဝင်ရောက်တိုက်ခိုက်
DVB
·
February 10, 2022
မင်းကင်းမြို့နယ် စနဗျင်းရွာရှိ စစ်ကောင်စီတပ်ကို PDF အဖွဲ့ဝင်ရောက်တိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် စနဗျင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဖေဖော်ဝါရီ ၉ ရက်နေ့မနက် ၃ နာရီဝန်းကျင်မှာ မင်းကင်း PDF တပ်ဖွဲ့က ဝင်ရောက်တိုက်ခဲ့တယ်လို့ သိရပါတယ်။

“ဒီနေ့မနက် ၃ နာရီလောက်က  ပြောက်ကျားဝင်တိုက်ခဲ့တယ်။ စစ်ကောင်စီဘက် ၃ ယောက်သေတယ်၊ နောက်ပြီး သေနတ် ၂ လက်လည်း သိမ်းဆည်းရမိခဲ့တယ်။ ကျနော်တို့အဖွဲ့က အထိခိုက်မရှိ ဆုက်ခွာနိုင်ခဲ့တယ်” လို့ မင်းကင်း PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒါ့အပြင် ချင်းတွင်းမြစ်အတွင်း ဆန်တက်လာတဲ့ စစ်ကောင်စီရေယဉ်ကို ဒေသခံ ပကဖတွေနဲ့ မဟူရှင်မရဲ့သားတော်များတပ်ဖွဲ့တို့ ပူးပေါင်းကာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို မိုင်းဆွဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် စကစတပ်သား ၉ ယောက်သေဆုံးပြီး အများပြားဒဏ်ရာရရှိသွားခဲ့တယ်လို့ မင်းကင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မင်းကင်းမြို့နယ် စနဗျင်းရွာ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013