DVB Logo
Home
မြန်မာသတင်း
မြန်မာသတင်းသမားများ၏ စိတ်ဓာတ်နှင့် ရဲရင့်မှုကို အသိအမှတ်ပြုဟု ဗြိတိန်သံအမတ် ပြော
DVB
·
February 9, 2022
မြန်မာသတင်းသမားများ၏ စိတ်ဓာတ်နှင့် ရဲရင့်မှုကို အသိအမှတ်ပြုဟု ဗြိတိန်သံအမတ် ပြော
Donate to DVB

အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ဝေမျှနိုင်ဖို့နဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်ဖို့အတွက် စွန့်စွန့်စားစားလုပ်ဆောင်နေကြတဲ့ မြန်မာသတင်းသမားတွေအားလုံးရဲ့ စိတ်ဓာတ်ရဲရင့်မှုတို့ကို အသိအမှတ်ပြု အံ့အားသင့်ရကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ် ပီတာဗောင်းလ်စ်က ပြောပါတယ်။

ဒါ့အပြင် သတင်းမီဒီယာ အလုပ်တွေလုပ်ဆောင်ရုံနဲ့ အသက်ဆုံးရှုံးခဲ့ရသူတွေ၊ ဖမ်းဆီးနှိပ် စက်ခံခဲ့ရသူတွေအားလုံးကို ဂုဏ်ပြုလိုကြောင်းနဲ့ မြန်မာနိုင်ငံနဲ့ ကမ္ဘာတဝန်းလုံးမှာ  သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ သတင်းမီဒီယာသမားတွေရဲ့ လုံခြုံရေးတို့အတွက် ဆက်လက် လုပ်ဆောင်သွားဖို့ ယူကေအစိုးရနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ကတိကဝတ် ပြုထား ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးချိန်ကတည်းက သတင်းမီဒီယာသမား ၃ ယောက် အသတ်ခံခဲ့ရပြီး ၁၄၆ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရကာ ၅၂ ယောက် ထက်မနည်း ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာ သိမ်းယူထားတဲ့ ကာလဟာ ၁ နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း အကြမ်းဖက် နှိမ်နင်းဖြိုခွင်းမှုတွေကြောင့် ကျဆုံးပြည်သူတွေ ထောင်ချီရှိနေခဲ့ပြီး မတရားဖမ်းဆီးထောင် ချခံရသူတွေထဲ သတင်းမီဒီယာသမားတွေရော၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ အရပ်သား ပြည်သူတွေပါ ပါဝင်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)က ထုတ်ပြန်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၄၀ မှာ ရပ်တည် နေ တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013