DVB Logo
Home
မြန်မာသတင်း
ရ၀မ်လူငယ်များအသင်းဥက္ကဋ္ဌ ဦးဖုန်ရော့ဖီနန် ထပ်မံဖမ်းဆီးခံရ
DVB
·
February 9, 2022
ရ၀မ်လူငယ်များအသင်းဥက္ကဋ္ဌ ဦးဖုန်ရော့ဖီနန် ထပ်မံဖမ်းဆီးခံရ
Donate to DVB

ကချင်ပြည်နယ် ပူတာအိုမြို့မှာ ရ၀မ်လူငယ်များအသင်း ဥက္ကဋ္ဌ ဦးဖုန်ရော့ဖီနန်အား စစ်ကောင်စီက ဖေဖော်ဝါရီ ၈ ရက် ည ၁၀ နာရီခွဲလောက်မှာ မတရားဖမ်းခေါ်သွားတယ်လို့ မိသားစုနဲ့နီးစပ်တဲ့သူက ပြောပါတယ်။

“ဦးဖီနန်ကို ခုလေးတင်ခေါ်သွားကြတယ်။ အထက်က ခေါ်ခိုင်းလို့ဆိုပြီး ခေါ်သွားတယ်။ သူက ထောင်ကထွက်လာကတည်းက အေးဆေးနေတာပါ။ နိုင်ငံရေးနဲ့ ပတ်သက်ပြီးလည်း ဘာမှမလုပ်ပါဘူး။ သူ့ကလေးတွေ ထိတ်လန့်နေကြတယ်” လို့ ပြောပါတယ်။

ဦးဖုန်ရော့ဖီနန်ဟာ ပူတာအိုသပိတ်ခေါင်းဆောင်တွေနဲ့အတူ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတုန်းက ဖမ်းဆီးခံရပြီး ထောင်ကပြန်ထွက်လာချိန်ကတည်းက မိသားစုကိုပဲ အချိန်ပေးသူဖြစ်တယ်လို့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။

“ဦးဖီနန်က မနှစ်တုန်းက ပူတာအိုလူငယ် ၅ ဦးဖမ်းဆီးခံရတုန်းကလည်း သပိတ်ခေါင်းဆောင်ဆိုပြီး ဖမ်းခံခဲ့ရတယ်။ သူ ထောင်က ပြန်ထွက်လာတဲ့နောက်‌ပိုင်းတော့ အေးဆေးနေတာပါ။ သူ့ကလေးတွေကို ကျောင်းထားပြီး အေးဆေးနေတာပဲ၊ ဘာလို့ဖမ်းခေါ်သွားတယ်ဆိုတာ မသိဘူး။”

မြန်မာနိုင်ငံရ၀မ်လူငယ်များအသင်းဥက္ကဋ္ဌတာ၀န်ကို ထမ်းဆောင်နေတဲ့ ဦးဖီနန်ဟာ  ရ၀မ်လူငယ်တွေကို လမ်းပြနေသူဖြစ်ပြီး ပူတာအိုဒေသဖွံ့ဖြိုးရေးနဲ့ လူမှုရေးလုပ်ငန်းတွေမှာ တက်ကြွစွာ ပါ၀င်‌နေသူဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013