DVB Logo
Home
မြန်မာသတင်း
ဇန်နဝါရီ နောက်ဆုံးပတ်အတွင်း တိုက်ပွဲ ၉၆ ကြိမ်ဖြစ်၊ စစ်ကောင်စီတပ်သား ၃၂၇ ဦးသေဆုံးဟု NUG ထုတ်ပြန်
DVB
·
February 9, 2022
ဇန်နဝါရီ နောက်ဆုံးပတ်အတွင်း တိုက်ပွဲ ၉၆ ကြိမ်ဖြစ်၊ စစ်ကောင်စီတပ်သား ၃၂၇ ဦးသေဆုံးဟု NUG ထုတ်ပြန်
1 / 3
Donate to DVB

ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးသီတင်းတပတ်အတွင်း မြန်မာနိုင်ငံအနှံ့ ပြည်သူ့ခုခံတော်လှန်စစ် ၉၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃၂၇ ယောက် သေဆုံးကာ ၁၉၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်ကနေ ၃၁ ရက်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပဋိ ပက္ခဖြစ်စဉ်တွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းမီဒီယာတွေနဲ့ မြေပြင်က တိုက်ရိုက်ရရှိတဲ့ သတင်းအချက်အလက်တွေကို ဆန်းစစ်လေ့လာစုစည်းထားတာဖြစ်ကာ မြေပြင်မှာတော့ အခုဖော်ပြထားတဲ့ ကိန်းဂဏန်းတွေထက် ပိုမိုဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီကာလတွေအတွင်း အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက် ကျုးလွန်ခဲ့တဲ့ ဖြစ်စဉ်ပေါင်း ၁၀၁ ကြိမ်တိတိရှိခဲ့ပြီး အပြစ်မဲ့ ‌ဒေသခံပြည်သူ ၆၂ ယောက် သေဆုံးခဲ့ကာ ၃၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁၆၇ ယောက်အထိ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။

စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြည်သူ့ခုခံတော်လှန်စစ်ပွဲ ၅၁ ကြိမ်ထိ အများဆုံးဖြစ်ပွားခဲ့ကာ မြန်မာနိုင်ငံတဝန်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ ဖြစ်ပွားနေပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူခဲ့တဲ့ ကာလဟာ ၁ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်အရ  လက်ရှိအချိန်ထိ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁၅၃၀ နီးပါးနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၂၀၀၀ ကျော်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013