DVB Logo
Home
မြန်မာသတင်း
ပင်လုံစာချုပ် ၇၅ နှစ်ပြည့် ကမ်ပိန်းတွင်ပါဝင်ရန် NUG နှိုးဆော်
DVB
·
February 8, 2022
ပင်လုံစာချုပ် ၇၅ နှစ်ပြည့် ကမ်ပိန်းတွင်ပါဝင်ရန် NUG နှိုးဆော်
Donate to DVB

ပင်လုံစာချုပ်ချုပ်ဆိုမှု ၇၅ နှစ်မြောက် အထိမ်းအမှတ် ဖေ့စ်ဘွတ်ခ်ပရိုဖိုင်ကမ်ပိန်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီကနေ့ စတင်လိုက်ပြီး အားလုံးပါဝင်ကြဖို့ နှိုးဆော်ထားပါတယ်။

ဒါ့အပြင် NUG အနေနဲ့ လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျရောက်မယ့် ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၅ နှစ်မြောက် အခမ်းအနားအစီအစဉ်ကို အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုရဲ့ အနှစ်သာရတွေ၊ တိုင်းရင်းသားတွေ အားလုံးရဲ့ စုစည်းညီညွတ်မှုတွေကို ထင်ဟပ်ပေါ်လွင်စေမယ့် ပုံသဏ္ဌာန်နဲ့ ကျင်းပပြုလုပ်သွားဖို့လည်း စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ဒီအစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Profile Campaign မှာ Profile Frame ကို ဒီကနေ့က စတင်ကာ ဖေဖော်ဝါရီ ၁၂ ရက်အထိ ပြောင်းလဲပေးခြင်း အားဖြင့် တိုင်းရင်းသားပြည်သူအားလုံး ပူးပေါင်းပါဝင်ကာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး “တန်းတူရေးကိုရှေးရှုချီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီ” သွားရောက်မယ့် ပြည်သူတရပ်လုံးရဲ့ စိတ်ပိုင်းဖြတ်မှုကို ပြသပေးကြဖို့လည်း NUG က မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပြည်သူတွေက မိမိတို့ရဲ့ ပရိုဖိုင်ဖရိမ်တွေကို ပြောင်းလဲပြီး ဒီကမ်ပိန်းမှာ အင်တိုက်အားတိုက် ပါဝင်နေကြတာကို တွေ့ရပါတယ်။

ပြောင်းလဲရမယ့် ပရိုဖိုင်ဖရိမ်ကိုတော့ ဖော်ပြပါလင့်ခ် https://www.twibbonize.com/towardsfederalunion ကနေတဆင့် ရယူပြီးတော့ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013