DVB Logo
Home
မြန်မာသတင်း
ဟွန်ဆန်၏သားဖြစ်သူ ဂျပန်ခရီးစဉ်အတွင်း မြန်မာ့အရေးဆွေးနွေးမည်
DVB
·
February 7, 2022
ဟွန်ဆန်၏သားဖြစ်သူ ဂျပန်ခရီးစဉ်အတွင်း မြန်မာ့အရေးဆွေးနွေးမည်
Donate to DVB

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ အကြီးဆုံးသားတယောက်ဖြစ်တဲ့ ဟွန်မန်နက်ဟာ ဖေဖော်ဝါရီလလယ်မှာ ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်ဖို့ ရှိနေတယ်လို့ ဂျပန်အစိုးရ သတင်းရင်းမြစ်ကို ကိုးကားပြီး KYODO သတင်းမှာဖော်ပြပါတယ်။

ဖခင်ဖြစ်သူ ဟွန်ဆန်ရဲ့နောက် အရိုက်အရာ ဆက်ခံမယ့်သူလို့ သိထားကြတဲ့ ဟွန်မန်နက်ဟာ ကမ္ဘောဒီးယားဘုရင့်တပ်မတော်မှာ ဒုတိယဗိုလ်ချုပ်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး အခုလာမယ့် ခရီးစဉ်အတွင်းမှာ ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါနဲ့ ထိပ်တန်း အရာရှိတွေနဲ့ တွေ့ဆုံသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

ဂျပန်အစိုးရဟာ  ဟွန်မန်နက်နဲ့တွေ့ဆုံဆွေးနွေးမှုတွေအတွင်း  မြန်မာ့အရေးကိစ္စ အာရုံစိုက်အလေးထားဆွေးနွေးသွားဖို့ စီစဉ်ထားတယ်လို့လည်း  ဂျပန်သတင်းမှာရေးပါတယ်။

ဂျပန်အစိုးရကတော့ အခုနှစ်ရဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားနဲ့ ဒီတွေ့ဆုံမှုကနေ လတ်တလောမြန်မာ့နိုင်ငံရေး အကျပ်အတည်းနဲ့ ဒေသတွင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေအပေါ် ပူးပေါင်းဆောင်ရွက်သွားဖို့ ရည်ရွယ်ပုံရတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဟွန်မန်နက်ဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီ၊ ကာကွယ်ရေးဝန်ကြီး နိုဘူအို ကီရှီတို့နဲ့လည်း သီးခြားတွေ့ဆုံသွားဖို့ ရှိနေသလို မြေပြင်ကာကွယ်ရေးတပ်တွေနဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကိုလည်း ဆွေးနွေးသွားကြဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလထဲမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က မြန်မာအာဏာ သိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ နေပြည်တော် ခရီးစဉ်အတွင်း သားဖြစ်သူ ဟွန်မန်နက်လည်း လိုက်ပါသွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ် အုပ်စုက အာဏာသိမ်းပြီးချိန်ကတည်းက ဟွန်ဆန်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့ တဦးတည်းသော နိုင်ငံတကာခေါင်းဆောင်တယောက် ဖြစ်လာခဲ့တာပါ။

အကြမ်းဖက်စစ်အုပ်စုဟာ စစ်အာဏာသိမ်းကာလ တနှစ်တာအတွင်းမှာ ပြည်သူ ၁၅၀၀ လောက်ကို သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလော ဟွန်မန်နက်ရဲ့ ခရီးစဉ်ကတော့ ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖိတ် ကြားချက်ဖြစ်နိုင်ပြီး သူဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက နောက်ဆုံးလာရောက်ခဲ့ဖူးပြီး ဂျ ပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။

Ref- KYODO NEWS

Photo-Cambodia Newswatch

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013