DVB Logo
Home
မြန်မာသတင်း
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ဖေဖော်ဝါရီ ၈ ရက်ကစပြီး ယွမ်ငွေဖြင့်သာ အခွန်ဆောင် ဝင်ထွက်ခွင့်ပြုမည်
DVB
·
February 6, 2022
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ဖေဖော်ဝါရီ ၈ ရက်ကစပြီး ယွမ်ငွေဖြင့်သာ အခွန်ဆောင် ဝင်ထွက်ခွင့်ပြုမည်
Donate to DVB

မြန်မာ-တရုတ်နယ်စပ် မူဆယ်၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်း ဒေါ်လာနဲ့အခွန်ဆောင်ထားတဲ့ ဆန်၊ စကွဲ၊ ပဲမျိုးစုံ၊ ပြောင်း၊ ရာဘာနဲ့ စားသောက်ကုန်ပစ္စည်းတွေကို ဖေ​​ဖော်ဝါရီ ၈ ရက်နေ့ကစ ယွမ်ငွေနဲ့သာ အခွန်ဆောင်ပြီး ဝင်ခွင့်၊ ထွက်ခွင့်ပြုတော့မယ်လို့ သိရပါတယ်။

"ယွမ်ငွေကိစ္စ လုပ်နေတာတော့ ဟုတ်တယ်။ ဒေါ်လာနဲ့ ဆောင်ပြီးသားဟာကို ဒီလ ၈ ရက်နေ့ ကျရင် ယွမ်နဲ့ ပြန်ဆောင်ရမယ်ဆိုတာ ပြောသံတော့ကြားပေမယ့် အဆင်ပြေ၊ မပြေ မသိဘူး။" လို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် တာဝန်ရှိတစ်ဦးက ပြောပါတယ်။

လက်ကျန် ကုန်များနေတာ‌ကြောင့် တာဝန်ရှိသူတွေဆီ အချိန်ကာလတခု သက်တမ်းတိုးပေးဖို့ လောလောဆယ် အသနားခံစာတင်တဲ့ ပုံစံမျိုး စီစဉ်နေတာကြားသိရတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၁၄ ရက် ကစလို့ ဗဟိုဘဏ်ကနေ ယွမ်ငွေနဲ့ အခွန်ဆောင်ရမယ်ဆိုပြီး သတ်မှတ်လိုက်ပေမယ့် အရင်ဆောင်ပြီးသား အဟောင်းတွေကို ခွင့်ပြုကာလအနေနဲ့ ဇန်နဝါရီ ၃၁ ထိ ကင်းလွှတ်ခွင့်ပေးထားပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ရောက်တော့ ၇ ရက် ကင်းလွတ်ခွင့် ထပ်ပေးထားကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယ ဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။

"ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီးတော့ အရင် အမေရိကန်ဒေါ်လာနဲ့ ဆောင်ထားတဲ့ ကုန်ပစ္စည်းတွေကိုလည်း ဆက်ပြီးတော့ ယွမ်ငွေနဲ့ ထပ်ဆောင်ရမယ်။ နှစ်ခါဆောင် ဖြစ်သွားတာပေါ့။ အဝင်ရော၊ အထွက်ရော အကုန်လုံး။” 

ကားသမားတွေအနေနဲ့ တရုတ်ဘက်က ပေါ်လစီကြောင့် ကုန်ဂိတ်တွေကနေ ဘယ်နေ့ ဘယ်ရက်မှာ ကိုယ့်ကားထွက်လာမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်တဲ့ အခြေအနေမှာ ဘယ်နေ့၊ ဘယ်ရက် အပြီးသုံး၊ မသုံးရင် အဲဒီဟာတွေ အဆုံးဆိုတာကြောင့် အခက်အခဲ ဖြစ်နေကြတာလို့ ကုန်ဂိတ်ပိုင် တစ်ဦးက ပြောပါတယ်။ 

“လိုင်စင်လျှောက်ထားတာမဟုတ်ဘူး၊ ဂျူတီဆောင်ထားတာ။ ဂျူတီကြိုဆောင်ပြီးသား စာရွက်က ဘယ်လိုပဲလုပ်လုပ် ကုန်သွယ်ရေးဇုန်ကို ပစ္စည်းက မဖြတ်ရသေးဘူးဆိုရင် ဘယ်အချိန်ပဲ ဖြစ်ဖြစ် ပေးရမှာ။ ဘယ်နေ့ နောက်ဆုံးသွင်း၊ အဲနေ့မှ မရောက်လို့ရှိရင် ဒါတွေ အားလုံး Cancel ဖြစ်မယ် ဆိုတာကတော့ မတရားဘူး။” 

ဆောင်ထားပြီးသားတွေတော့ ပေးသွားမယ်ပြောပေမယ့် ကိုယ့်တိုင်းပြည်ထဲမှာ မြန်မာကျပ်ငွေ သုံးနေတာကို ယွမ်အကောင့်ဖွင့်ပြီး ယွမ်ငွေနဲ့ ဆောင်ရမယ်ဆိုတာ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

တရုတ်ကုန်သွယ်ရေး အကုန်လုံးပဲ ယွမ်ငွေနဲ့ အခွန်ဆောင်ရမှာဖြစ်ကြောင်း၊ ကိုဗစ်ကြောင့် တရုတ်က ပိတ်သွားတဲ့အခါမှာ မန္တလေးနဲ့ မူဆယ်တက်လာတဲ့ ကြားထဲမှာ တချို့ ကားတွေက ၁၀၅ မိုင် ဂိုဒေါင်မှာချထားရပြီး တချို့က ဂျူတီဆောင်ပြီးသားကို ကျင်းစန်းကျော့နားရောက်ပြီးမှ ပြန်လှည့်လာရတာကြောင့် ဘယ်ဟာဆောင်တယ်၊ မဆောင်ဘူးဆိုတာ ခွဲထုတ်ရမယ်လို့ တရုတ်ဘက်ရောက် မြန်မာကုန်သည်တစ်ဦးက ပြောပါတယ်။

ယခင်က တချို့က ကားတွေကို တရုတ်ထဲ သွားပြီးကြောင်း ကျင်းစန်းကျော့တို့၊ မန့်ဝိန်းပေါက်တို့မှာ လက်မှတ်မထိုးလိုက်ဘဲနဲ့ အခုလို စနစ်ပြန်ပြောင်းလိုက်တာကြောင့် တချို့ကုန်သည်တွေက ဂျူတီဆောင်ပြီးသား စာရွက်အဟောင်းကို ပြန်သုံးတာ ရှိနေတယ်လို့ ဆိုပါတယ်။ 

ဂျူတီဆောင်ပြီးသား စာရွက်အဟောင်းကို တပတ် အချိန်ပေးထားပြီး အသစ်တွေကိုတော့ ယွမ်နဲ့ တွက်ပြီး ကျပ်နဲ့ အခွန်ဆောင်ရကာ အဝင်အထွက်မှာ စာရွက်စာတမ်းရော၊ ပိုက်ဆံအထွက်ရော၊ ယွမ်အကောင့်ရော ပြရကြောင်း ကုန်သည်နောက်တစ်ဦးက ပြောပါတယ်။ 

“အကောင့်ထဲငွေက အစိုးရဆီ ရောင်းရတယ်။ မရောင်းချင်လည်း import သမားတွေကို ပြန်ပေးလို့ ရတယ်။ အဝင်အထွက် ပြနိုင်ရင်ရတယ်။ ပိုက်ဆံအထွက် ပြရတယ်။ ပုံစံတော့ သိပ်မကျ သေးဘူး။” 

နိုဝင်ဘာလ ၂၆ ရက်နေ့ကစ တရုတ် - မြန်မာ နယ်စပ် အဓိက ကုန်သွယ်ရာ ကျင်းဆန်းကျော့ဂိတ်ကို ပြန်လည်ဖွင့်လှစ်လိုက်မယ့် မူဆယ်ဂိုဒေါင်တွေမှာ ပိတ်မိ ကျန်ရှိနေတဲ့ ဆန်၊ စကွဲ၊ ပဲမျိုးစုံနဲ့ အခြားပစ္စည်းတွေကို အရင် ရှင်းလင်းလိုတာကြောင့် အသစ်ဝင်လာမယ့် ကုန်ပစ္စည်းတွေကို လောလောဆယ် ယာယီရပ်ဆိုင်းထားရာမှ ယွမ်ငွေစနစ်အသစ်နဲ့ အခုလို ပြန်လည်ခွင့်ပြုလိုက်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013