DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီနှင့်တိုက်ပွဲအတွင်း ရေး YGF တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး ၁ ဦး ဖမ်းဆီးခံရ
DVB
·
February 6, 2022
စစ်ကောင်စီနှင့်တိုက်ပွဲအတွင်း ရေး YGF တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး ၁ ဦး ဖမ်းဆီးခံရ
Donate to DVB

မွန်ပြည်နယ်  ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ YGF က အားထားရတဲ့ ဗိုလ် ကျန်ရစ် ခ  စောဒိုးခမ်းမှာ စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့တယ်လို့  ရေး YGF က ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ လက်ချက်ကြောင့် ကျဆုံးသွားတဲ့ ဗိုလ်ကျန်ရစ် (ခ) စောဒိုးခမ်းရဲ့ အလောင်းပြန်ရယူဖို့ ကြိုးစားနေပြီး ရေး YGF က ရဲဘော်တပ်ဖွဲ့ဝင် နိုးနိုးဟာလည်း စစ်ကောင်စီတပ်ရဲ့ လက်ထဲမှာ ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။

ကျဆုံးသွားတဲ့ ဗိုလ်ကျန်ရစ် (ခ) စောဒိုးခမ်းအား အမျိုးသားအာဇာနည်သူရဲကောင်းအဖြစ် သမိုင်းမှတ်တမ်းတင်သွားမယ်လို့ ရေး YGF က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာနဲ့အချိန်ကို ရေး YGF က ထုတ်ဖော်ပြောဆိုထားခြင်းမရှိပေမဲ့ ရေး YGF တပ်ဖွဲ့ဝင်အားလုံး ဘေးကင်းလုံခြုံတဲ့နေရာကို ပြန်လည်ရောက်ရှိနေပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်သွားတဲ့အထိ အသက်ပေး တော်လှန်သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013