DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်မြို့နယ်၌ PDF အ​ခြေခံစစ်ပညာသင်တန်းဆင်း၊ အမျိုးသမီးရဲ​ဘော်များ ပါဝင်
DVB
·
February 5, 2022
ယင်းမာပင်မြို့နယ်၌ PDF အ​ခြေခံစစ်ပညာသင်တန်းဆင်း၊ အမျိုးသမီးရဲ​ဘော်များ ပါဝင်
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ​ဒေသခံ PDF ​တပ်ဖွဲ့ နှစ်ဖွဲ့ဟာ  ​အခက်အခဲများကြားက​နေ အ​ခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ​အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Hero Tiger Force PDF အဖွဲ့ရဲ့ အ​ခြေခံ စစ်ပညာသင်တန်းအပတ်စဥ် ၁/၂၂ ကို ​ဖေ​ဖော်ဝါရီ  ၂ ရက်​က ​ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ကိုယ်ထူကိုယ်ထ ဗိုလ်စက္ကဦး​​ဆောင်တဲ့ ​ဒေါင်းမင်း PDFအဖွဲ့ရဲ့ ​အပတ်စဥ် (၃) သင်တန်းဆင်းပွဲကို​တော့ ဖေ​ဖော်ဝါရီ ၄ ရက်​က ​အခက်အခဲ​တွေကြားက​နေ အောင်မြင်စွာ ပြုလုပ်ခဲ့ကြတယ်လို့ အဖွဲ့​ခေါင်း​ဆောင်​​တွေက ​ပြောပါတယ်။

Hero Tiger Force PDF အဖွဲ့မှာ အမျိုးသမီး ရဲ​ဘော် ၅၀ နဲ့ အမျိုးသားရဲ​ဘော် ၁၅၀ တို့ ပါဝင်ခဲ့ပြီး ကိုယ်ထူကိုယ်ထ ဗိုလ်စက္ကဦး​ဆောင်​​သော ​ဒေါင်းမင်း PDFအဖွဲ့မှာ အမျိုးသားရဲ​ဘော် ၆၅ ဦး တက်​ရောက်သင်ကြားခဲ့တယ်လို့ PDF အဖွဲ့​ခေါင်း​ဆောင်တွေက ​ပြောပါတယ်။

PDF အဖွဲ့တွေဟာ အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်သွားမှာဖြစ်ပြီး ပြည်သူတွေရဲ့​ရှေ့မှာ မားမားမတ်မတ် ရပ်တည်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

သင်တန်းဆင်း ရဲဘော်တွေကို  မိဘပြည်သူတွေကလည်း သင်တန်းဆင်းပွဲအထိမ်းအမှတ်အဖြစ် အောင်သပြေပန်း​တွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013