DVB Logo
Home
မြန်မာသတင်း
ချောင်းဦးမြို့နယ်နှင့် ပုလဲမြို့နယ်တွင် စစ်ယာဉ်တန်းများ မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
February 5, 2022
ချောင်းဦးမြို့နယ်နှင့် ပုလဲမြို့နယ်တွင် စစ်ယာဉ်တန်းများ မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊  ထီးဆောင်းနဲ့ မူးဝရွာကြားထောင်ဇရပ်အနီးမှာ ဇန်နဝါရီ ၄ ရက် မနက်  ၁၁ နာရီလောက်က စစ်ကောင်စီယာဉ်တန်း  မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကားအစီး ၁၀၀ လောက်ပါတဲ့ ယာဉ်တန်းမှ အစီး ၃၀ လောက်ဟာ  ချောင်းဦးအရောက် ရှေ့ပြေးခွဲထွက်လာစဉ် မိုင်းခွဲတိုက်ခိုက်ခံရတာဖြစ်ပြီး အခုလိုမိုင်းဆွဲခံရတဲ့ စစ်ကောင်စီကားတွေဟာ မြင်းတွေ သယ်ဆောင်လာတဲ့ ကားတွေဖြစ်တယ်လို့လည်း  သိရပါတယ်။

မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ - CDSOM ရဲ့ တာဝန်ရှိသူတယောက်က “ဒီကောင်တွေ မုံရွာနမခကနေ ကျနော်တို့ ချောင်းဦးမြိုနယ်ဘက်ကို ဒီနေ့မနက်မှာ တက်လာမယ်လို့ သတင်းအတိကျရထားလို့ ကျနော်တို့ ကြိုတင်ပြင်စဉ်ပြီး မိုင်း ၂ လုံးခွဲ တိုက်ခိုက်ခဲ့တာဗျ။ ထိပ်တိုက်ရင်‌ဆိုင်တိုက်ပွဲ မဟုတ်တဲ့အတွက် ကျနော်တို့ဘက်က အထိခိုက်အကျဆုံးမရှိဘူးဗျ။ သူတို့ဘက်ကတော့ အနည်းဆုံး ၁၅ ယောက်ထက်မနည်း ကျဆုံးနိုင်တယ်။ သူတို့ဘက်ကလည်း ပြန်လည်ပစ်ခတ်တာတွေတော့ လုပ်တယ်။ လက်နက်ကြီး ၂ လုံးကတော့ သိသိသာသာကြီး ကြားလိုက်ရတယ်”လို့  ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို People Defence Force Myinmu-MMUPDF က ဦးဆောင်ပြီး Black Eagle Defence Force MMU I မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ Myin Mu Defence Force၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) တို့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် မင်းတိုင်ပင်ရွာကနေ ကန့်ဒေါင့်ရွာကို သွားတဲ့ စစ်ကောင်စီယာဉ် ၄ စီးလည်း  ဖေဖော်ဝါရီ ၄ ရက် မွန်းတည့် ၁၂ နာရီလောက်က မိုင်းဆွဲခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကောင်စီကားတွေဟာ မင်းတိုင်ပင်ကျေးရွာက ပြည်သူတွေရဲ့ ပစ္စည်းတွေကို ကန့်ဒေါင့်ရွာကို သယ်ဆောင်ရာမှာ မိုင်းခွဲခံရတာဖြစ်ပြီး တိုက်ခိုက်ခဲ့တဲ့အဖွဲ့ဟာ PRA တပ်ခွဲ ၆ က ဗိုလ်တိုးကြီးအဖွဲ့က ပြုလုပ်ခဲ့တာလို့လည်း သိရပါတယ်။

ပြည်သူ့တော်လှန်ရေးတပ်မတော် PRA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဂျပန်က “ကျနော်တို့ စစ်ကောင်စီကား ၄ စီးကို  မိုင်းသုံးလုံးခွဲ တိုက်ခိုက်နိုင်ခဲ့တယ်။ ဒီကောင်တွေက ပစ္စည်းတွေကို ကားနဲ့သယ်တယ်။ စစ်သားတွေက ဘေးကနေ ဆိုင်ကယ်တွေနဲ့ လုံခြုံရေးယူလိုက်တာတွေ လုပ်ခဲ့တယ်။ အဲတာကို မိုင်းဆွဲခဲ့တာ။ မိုင်းဆွဲပြီးပြေးရတာဆိုတော့ အသေအပျောက်ကတော့ အတိအကျမသိရဘူး” လို့ပြောပါတယ်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013