DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ကလေး ၁၆ ဦးအပါအဝင် ပြည်သူ ၁၈၄ ဦးကို အစုအပြုံလိုက်သတ်ဖြတ်ဟု NUG ထုတ်ပြန်
DVB
·
February 4, 2022
စစ်ကောင်စီက ကလေး ၁၆ ဦးအပါအဝင် ပြည်သူ ၁၈၄ ဦးကို အစုအပြုံလိုက်သတ်ဖြတ်ဟု NUG ထုတ်ပြန်
Donate to DVB

စစ်ကောင်စီ အာဏာသိမ်း ၁ နှစ်တာကာလအတွင်း အသက်မပြည့်သေးတဲ့ ကလေးသူငယ် ၁၆ ယောက်အပါအဝင် အရပ်သားပြည်သူ ၁၈၄ ယောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်အုပ်စုရဲ့ အဆင်အခြင်မဲ့ အကြမ်းဖက်အာဏာလုယူမှုကြောင့် တနိုင်ငံလုံးရှိ ပြည်သူတရပ်လုံးရဲ့ လူမှုဘဝတွေအားလုံး အကျပ်အတည်းပေါင်းများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ဆိုပါ တယ်။

ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြကာ စစ်အာဏာရှင်ကိ်ဆန့်ကျင်ခဲ့ပြီး ကျဆုံးခဲ့ရတဲ့ ကျောက်ပန်းတောင်းမြို့နယ် ပြည်တော်သာရပ်ကွက်က ကိုအောင်မြင့်မြတ် (ခ) ကိုအောင် အောင်အပါအဝင် နည်းလမ်းပေါင်းစုံနဲ့ ဆန္ဒဖော်ထုတ်မှုတွေ နေ့စဉ်မပြတ် ရှိနေပေမယ့် စစ်အုပ်စုဟာ ပြည်သူ့ဆန္ဒကို လျစ်လျူရှုမြဲရှုကာ သူတို့အာဏာတည်မြဲရေးအတွက် အကြမ်းဖက်လုပ်ရပ်တွေကို ဆက်လက်ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

အာဏာလုယူပြီး ၁ နှစ်တာကာလအတွင်း ပြည်သူအယောက် ၁၅၁၀ ကျဆုံးခဲ့ရကြောင်း၊ မြို့ရွာတွေ မီးရှို့ခံရမှု ၂၄၉ ကြိမ်ရှိခဲ့ပြီး ပြည်သူလူထုရဲ့ အိမ်ခြေပေါင်း ၁၂၀၀ လောက်နဲ့ ပိုင်ဆိုင်မှုများစွာ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ စာရင်းဇယားတွေအရ သိရှိရကြောင်း ဖော်ပြပါတယ်။

ပြည်သူလူထု ခုလိုစွန့်လွှတ်အနစ်နာခံမှု၊ ပျက်စီးဆုံးရှုံးရမှုတွေအတွက် အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ လွန်စွာကြေကွဲဝမ်းနည်းရပြီး အဆိုပါ ရင်းနှီးပေးဆပ်ရမှုတွေအားလုံးကို အချည်းနှီးမဖြစ်စေရဘဲ ပြည်သူလူထုတစ်ရပ်လုံးရဲ့ လူမှုဘဝတွေအားလုံးကို ချွတ်ခြုံကျ ပျက်စီးစေတဲ့၊ ပြည်သူလူထုတရပ်လုံးရဲ့ လုံခြုံငြိမ်းချမ်းမှုကို ထိပါးနှောင့်ယှက်နေတဲ့ စစ် အာဏာရှင်စနစ်ကို  မြန်မာ့မြေပေါ်မှ အပြီးတိုင်ဖယ်ရှားပြီး နောင်အနာဂတ်မှာလည်း ဘယ်အခါမှ ပြန်လည်ခေါင်းထောင်မထလာစေရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကတိပြုထားပါတယ်။

နိုင်ငံတကာအဝန်းအဝိုင်းအနေနဲ့လည်း စစ်အုပ်စုရဲ့ လုပ်ရပ်တွေ အမြန်ရပ်တန့်သွားနိုင်ရေး ထိရောက်တဲ့ လုပ်ဆောင်မှုတွေနဲ့ အမြန်ဆုံးအကောင်အထည်ဖော်ကြဖို့ NUG က တိုက်တွန်းနှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013